၂၀၂၅ ခုနှစ်တွင် ဗီယက်နမ်၏ ခရက်ဒစ်တိုးတက်မှု ၁၈ ရာခိုင်နှုန်းနီးပါးရှိမည်ဟု ဗဟိုဘဏ်မှပြောကြား

Powered by Drupal

    ဗီယက်နမ်နိုင်ငံ၏ ခရက်ဒစ်တိုးတက်မှုသည် ၂၀၂၄ ခုနှစ်ကုန်မှ ဒီဇင်ဘာ ၂၄ ရက်အထိ ၁၇.၈၇ ရာခိုင်နှုန်းအထိ ရောက်ရှိခဲ့ကြောင်း ဗီယက်နမ်သတင်းဌာနက ဗီယက်နမ်ဘဏ်၏ ပြော ကြားချက်ကို ကိုးကား၍ ဒီဇင်ဘာလ ၂၉ ရက်နေ့တွင် ဖော်ပြခဲ့သည်။အစီရင်ခံစာအရ ဒီဇင်ဘာ ၂၄ ရက်နေ့အထိ စီးပွားရေး၏ ကြွေးမြီမှာ ဗီယက်နမ်ဒေါင် ၁၈.၄ ကွာဒရီလီယံ (အမေရိကန်ဒေါ်လာ ၇၃၂ ဘီလီယံခန့်) ကျော်လွန်ခဲ့သည်။ အောက်တိုဘာလကုန်အထိ စိုက်ပျိုးရေး၊ သစ်တောနှင့် ငါးလုပ်ငန်းကဏ္ဍသည် စုစုပေါင်း ချေးငွေ၏ ၆.၁၅ ရာခိုင်နှုန်းရှိပြီး ပြုပြင်ထုတ်လုပ်ရေးလုပ်ငန်းမှာ ၁၂.၃၉ ရာခိုင်နှုန်း နှင့် ဆောက် လုပ်ရေးကဏ္ဍမှာ ၇.၄၇ ရာခိုင်နှုန်းရှိကြောင်း ဘဏ်၏ ဒုတိယအုပ်ချုပ်ရေးမှူး Pham Thanh Ha က ပြောကြားခဲ့သည်။

DOCA(ရန်ကုန်)