ရှမ်းပြည်နယ် စားသုံးသူရေးရာကော်မတီ(၁/၂၀၂၀) အစည်းအဝေးပွဲကျင်းပ

Powered by Drupal

          ၂၀-၁-၂၀၂၀ ရက်နေ့ (၁၅:၀၀)နာရီအချိန်တွင် ရှမ်းပြည်နယ် စားသုံးသူရေးရာကော်မတီ (၁/၂၀၂၀) ညှိနှိုင်းအစည်းအဝေးပွဲကို ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ရုံးခန်းမှာကျင်းပခဲ့ပါသည်။

     အစည်းအဝေးတွင် ပြည်နယ်စားသုံးသူရေးရာကော်မတီ ဒုဥက္ကဌ၊ ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးစိုင်းလုံကျော်ကအဖွင့်အမှာစကားပြောကြားပြီး အတွင်းရေးမှူး ပြည်နယ်စားသုံးသူရေးရာဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးတင့်လွင်ဦးက ၂၀၁၉ ခုနှစ် ဇွန်လမှ ဒီဇင်ဘာလအတွင်း စားသုံးသူကာကွယ်ရေး ဆိုင်ရာလုပ်ငန်းဆောင်ရွက်ခဲ့မှုများ၊ မြန်မာနိုင်ငံ စားသုံးသူရေးရာကော်မရှင်ဖွဲ့စည်းခဲ့မှုနှင့် တိုင်းနှင့်ပြည်နယ်စားသုံးသူရေးရာကော်မတီများ ဖွဲ့စည်းထားခဲ့မှုများ၊ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ရှမ်းပြည်နယ်အတွင်း စားသုံးသူကာကွယ်ရေးဆိုင်ရာ လုပ်ငန်းဆောင်ရွက်မည့် အစီအစဉ်များအား အမှာစာ(၁) မှ (၇) အထိ ရှင်းလင်းဆွေးနွေး တင်ပြခဲ့ပါသည်။

      ထို့နောက် အစည်းအဝေးတွင်တက်ရောက်သူများမှ ဆွေးနွေးတင်ပြခဲ့မှုများအပေါ် မှတ်တမ်းတင်ခြင်း၊ ဆွေးနွေးဆုံးဖြတ်ခြင်း၊ ရှေ့ဆက်လုပ်ဆောင်ရမည့်လုပ်ငန်းဆိုင်ရာများအား အကြံပြုဆွေးနွေးခဲ့ကြရာမှာ မှတ်တမ်းတင်ခြင်း ( ၇ ) ရပ်၊ ဆွေးနွေးဆုံးဖြတ်ခြင်း ( ၂ ) ရပ်ကို ဆောင်ရွက်ခဲ့ပြီး အစည်းအဝေးကို ညနေ(၁၆:၃၅) နာရီတွင် ရုတ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။