
အိန္ဒိယသည် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလတွင် ရုရှားမှ ရေနံစိမ်း ဒေါ်လာ ၂.၇ ဘီလီယံ တင်သွင်းခဲ့ပြီး ပြီးခဲ့သည့်နှစ် ဖေဖော်ဝါရီလနောက်ပိုင်း အနိမ့်ဆုံးလစဉ်တင်သွင်းမှုဖြစ်ပြီး အိန္ဒိယသို့ ရေနံတင်ပို့မှု၏ အဓိက ပံ့ပိုးကူညီသူနှစ်ဦးဖြစ်သည့် ရုရှားရေနံကုမ္ပဏီကြီး Rosneft နှင့် Lukoil တို့ အပေါ် အမေရိကန်က ပိတ်ဆို့မှုများ ချမှတ်ခြင်း၏ သက်ရောက်မှုကို ထင်ဟပ်စေသည်။
အမေရိကန်က ကုမ္ပဏီနှစ်ခုအပေါ် ၂၀၂၅ အောက်တိုဘာလ ၂၂ ရက်နေ့တွင် ပိတ်ဆို့မှုများ ကြေညာခဲ့ပြီး ၎င်းတို့နှင့် ဆက်ဆံမှုအားလုံးကို ရပ်ဆိုင်းရန် နိုဝင်ဘာလ ၂၁ ရက်ကိုနောက်ဆုံး ရက်အဖြစ် သတ်မှတ်ခဲ့သည်။ ကူးသန်းရောင်းဝယ်ရေးနှင့် စက်မှုဝန်ကြီးဌာနမှမျှဝေထားသော အချက်အလက်များအရ ဒီဇင်ဘာလ ရုရှားရေနံထောက်ပံ့မှုသည် ၂၀၂၅ ခုနှစ် နိုဝင်ဘာလတွင် တစ်လတာ တင်သွင်းမှုတန်ဖိုး အမေရိကန်ဒေါ်လာ ၃.၇ ဘီလီယံနှင့် နှိုင်းယှဉ်ပါက ၂၇ ရာခိုင်နှုန်း နီးပါး လျော့နည်းသွားပြီး ၂၀၂၄ ခုနှစ်အလားတူလတွင် တင်သွင်းမှုတန်ဖိုး အမေရိကန်ဒေါ်လာ ၃.၂ ဘီလီယံထက် ၁၅ ရာခိုင်နှုန်းကျော် လျော့နည်းသွားသည်။ သို့သော်လည်း ရုရှားနိုင်ငံသည် ၂၀၂၅-၂၆ ခုနှစ်တွင် အိန္ဒိယသို့ ရေနံစိမ်းအများဆုံး ထောက်ပံ့ပေးသူအဖြစ် ဆက်လက်ရပ်တည်နေပြီး ဒီဇင်ဘာလတွင် တင်သွင်းခဲ့သော ဒေါ်လာ ၁၁.၄ ဘီလီယံ တန်ဖိုးရှိ ရေနံတင်သွင်းမှု ပမာ ဏ၏ ၂၄ ရာခိုင်နှုန်းကို ပံ့ပိုးပေးခဲ့သည်။ အခြားထိပ်တန်းထောက်ပံ့လျှက် ရှိသော နိုင်ငံများမှာ အီရတ် (ဒေါ်လာ ၂.၄ ဘီလီယံ)၊ ဆော်ဒီအာရေဗျ (ဒေါ်လာ ၁.၈ ဘီလီယံ)၊ ယူအေအီ (ဒေါ်လာ ၁.၇ ဘီလီယံ)နှင့် အမေရိကန် (ဒေါ်လာ ၀.၆ ဘီလီယံ) တို့ပါဝင်ကြောင်း သိရှိရပါသည်။
Source: Timesofindia
DOCA (ရန်ကုန်)
