
ဗီယက်နမ်နိုင်ငံ၏ စားသုံးသူဈေးနှုန်းညွှန်းကိန်း (CPI) သည် ဇန်နဝါရီလတွင် ယခင်နှစ်ထက် ၂.၅၃ ရာခိုင်နှုန်း မြင့်တက်လာကြောင်း အမျိုးသားစာရင်းအင်းရုံးက ဖေဖော်ဝါရီလ ၆ ရက်နေ့တွင် ပြောကြားခဲ့သည်။
CPI တွက်ချက်မှုစာရင်းရှိ အမျိုးအစား ၁၁ မျိုးအနက် ၉မျိုးတွင် ဈေးနှုန်းမြင့်တက်မှုများ ဖြစ်ပေါ်နေသည်။ အိမ်ရာ၊ လျှပ်စစ်၊ ရေ၊ လောင်စာဆီနှင့် ဆောက်လုပ်ရေးပစ္စည်းများအတွက် ကုန်ကျစရိတ်များ မြင့်တက်လာခြင်းအပြင် အဖျော်ယမကာများ၊ ဆေးရွက်ကြီး၊ အိမ်သုံးပစ္စည်း များ၊ အထည်အလိပ်နှင့် သားရေထုတ်ကုန်များ၏ ဈေးနှုန်းများ မြင့်တက်လာခြင်းကြောင့် အဓိကအားဖြင့် မြင့်တက်လာခဲ့သည်။
အစားအသောက်ဝန်ဆောင်မှုများသည်လည်း CPI တိုးတက်မှုအတွက် အထောက်အကူ ဖြစ်စေခဲ့သည်။ ဇန်နဝါရီလတွင် ဗီယက်နမ်၏ ပျမ်းမျှ အဓိကငွေကြေးဖောင်းပွမှုသည် ယခင်နှစ် ထက် ၃.၁၉ ရာခိုင်နှုန်း မြင့်တက်လာခဲ့ကြောင်း အမျိုးသားစာရင်းအင်းရုံးက ပြောကြားခဲ့သည် ။
Source : Xinhua
DOCA (ရန်ကုန်)
