နိုင်ငံခြားဝင်ငွေ ရရှိနိုင်ပြီး ပြည်ပတင်ပို့နိုင်သည့် ရေဘဝဲ(Octopus)နှင့် ကင်းမွန်တို့၏ စျေးနှုန်းစျေးကွက်

Powered by Drupal

     ရေဘဝဲသည် သန္တာကျောက်တန်းများနှင့် ပင်လယ်ပြင်တို့တွင် တွေ့ရှိရသည့် အမျိုးအစား ဖြစ်ပြီး တနင်္သာရီတိုင်း ထားဝယ်၊ မြိတ်ကမ်းရိုးတန်းရေပြင်တွင်လည်း တွေ့ရှိနိုင်သည်။ တနင်္သာရီ တိုင်း၊ မြိတ်ခရိုင်သည် ငါး၊ ပုစွန်၊ ကင်းမွန်၊ ကဏန်းနှင့် ရေဘဝဲစသည့် ပင်လယ်ရေထွက်ပစ္စည်းများ ပေါများစွာရရှိသည့်ဒေသလည်းဖြစ်သည်။

      မြိတ်ခရိုင်တွင် ကင်းမွန်များကိုများသောအားဖြင့် လမမြင်သည့်အချိန် သို့မဟုတ် လပြည့် ကျော်ရက်များတွင်(မီးရောင်)အလင်းရောင်အသုံးပြု၍ ပိုက်များဖြင့်ဖမ်းစီးကြပြီး ရေဘဝဲများကိုမူ ကင်းမွန်ဖမ်းသကဲ့သို့ ရောင်စုံမီးများဖြင့်ဖမ်းစီးခြင်းမဟုတ်ဘဲ ပင်လယ်အောက်ခြေရှိ ကျောက် ဆောင်ကမ်းပါးများ၊ သန္တာကျောက်တန်းများအနီးတွင် ကျက်စားကြသည့်အတွက် ကျောက်ဆောင် များနှင့် ပင်လယ်အောက်ခြေတို့တွင် ထောင်ချောက်များပြုလုပ်ဖမ်းစီးခြင်းနှင့် အထူးပြုလုပ်ထား သော ပုံးနှင့်အိုးများကို ရေအောက်တွင်ချထားပြီး ရေဘဝဲဝင်ရောက်လာပါက ပြန်လည်ဆွဲတင်ခြင်း ဖြင့် ဖမ်းစီးလေ့ရှိကြပါသည်။ ကင်းမွန်နှင့် ရေဘဝဲကို မိုးအကုန်သီတင်းကျွတ်ကာလ ပွင့်လင်းရာသီ များတွင် စတင်ဖမ်းစီးကြပြီး သက်ဆိုင်ရာဌာနက ကန့်သတ်ထားသော ငါးမဖမ်းရ ရာသီများတွင် ဖမ်းစီးခွင့်ပိတ်ထားလေ့ရှိပါသည်။

        ကင်းမွန်နှင့်ရေဘဝဲများကို တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့တွင်အများဆုံးဖမ်းစီးရမိကြပြီး ပြည်တွင်းတွင်သာမက ပြည်ပနိုင်ငံများသို့ပါဖြန့်ဖြူးရောင်းချလျက်ရှိကြပါသည်။ အချို့လုပ်ငန်းရှင် များမှာ အအေးခန်းများဖြင့် ထိုင်းနိုင်ငံများသို့တင်ပို့လျက်ရှိပြီး အချို့မှာ ရန်ကုန်နှင့် မန္တလေးမြို့များ သို့တင်ပို့ကာ ၎င်းတို့မှတစ်ဆင့် တရုတ်နိုင်ငံသို့လည်း တင်ပို့လျက်ရှိကြောင်းသိရှိရပါသည်။ မြိတ်မြို့ ဒေသတွင်းစျေးကွက်တွင်မူ ရေဘဝဲထက် ကင်းမွန်ကိုပိုမိုစားသုံးကြကြောင်းသိရှိရပါသည်။ ရေဘဝဲ နှင့် ကင်းမွန်ဈေးနှုန်းများသည် ဝယ်လိုအား၊ ဖမ်းဆီးရရှိမှုအနည်းအများနှင့် ပြည်တွင်းစက်သုံးဆီ ဈေးနှုန်း၊ ထုတ်လုပ်မှုစရိတ် အပေါ်မူတည်၍ ပြောင်းလဲနိုင်သည်။

          လက်ရှိတွင် ကင်းမွန်စျေးနှုန်းအနေဖြင့်အလတ်စား တစ်ပိဿာ ၄၅၀၀၀ ကျပ်ခန့်နှင့် ရေဘဝဲ တစ်ပိဿာလျှင် ၄၅၀၀၀ ကျပ်ခန့် စျေးရရှိလျက်ရှိပြီး အရွယ်အစားပေါ်မူတည်၍ စျေးနှုန်းပြောင်းလဲ လျက်ရှိသည် တစ်ခါတစ်ရံ ကင်းမွန်ရှားပါချိန်တွင် ကင်းမွန်စျေးကောင်းရရှိပြီး ရေဘဝဲ ရှားပါးချိန်တွင် ရေဘဝဲစျေးကောင်းရရှိလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)