ဘဏ္ဍာရေးပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရန်ဆွေးနွေးခဲ့ကြသည့်ဗီယက်နမ်နှင့်ရုရှား

Powered by Drupal

   ဗီယက်နမ်ဘဏ္ဍာရေးဝန်ကြီး Ngo Van Tuan သည် ရုရှားဘဏ္ဍာရေးဝန်ကြီး Anton Germanovich Siluanov နှင့် စက်တင်ဘာ ၈ ရက်က မော်စကိုမြို့၌တွေ့ဆုံဆွေးနွေးခဲ့ပြီး နှစ်နိုင်ငံဘဏ္ဍာရေးပူးပေါင်းဆောင်ရွက်မှုများ ပိုမိုထိရောက်စေရေးဆွေးနွေးခဲ့ကြောင်း ဗီယက်နမ် ဘဏ္ဍာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါသည်။ တွေ့ဆုံစဉ် ဗီယက်နမ်၏လက်ရှိစီးပွားရေးအခြေ အနေနှင့် ဖွံ့ဖြိုးတိုးတက်ရေးရည်မှန်းချက်များကို ဝန်ကြီး Ngo Van Tuan က ရှင်းလင်းပြောကြား ခဲ့ပြီး ခေတ်သစ်အတွင်း ဗီယက်နမ်၏အဓိကဦးစားပေးလုပ်ငန်းမှာ ၂၀၃၀ နှင့် ၂၀၄၅ ခုနှစ် မဟာ ဗျူဟာရည်မှန်းချက်များ အောင်မြင်စေရန်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ ၂၀၂၆ ခုနှစ် ဇန်နဝါရီ မှ ဩဂုတ်လအတွင်း ဗီယက်နမ်စီးပွားရေးသည် ပြန်လည်နာလန်ထူသည့်လမ်းကြောင်းကို ဆက်လက်ထိန်းသိမ်းထားနိုင်ခဲ့ပြီး မက်ခရိုစီးပွားရေးအခြေအနေများတည်ငြိမ်မှုရှိကာ ထုတ်လုပ် မှုနှင့် ကုန်သွယ်ရေးလုပ်ငန်းများလည်း ဆက်လက်တိုးတက်နေကြောင်း သိရပါသည်။ နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု (FDI) သည်လည်း အထူးသဖြင့် အဆင့်မြင့်နည်းပညာကဏ္ဍများတွင် အားကောင်းသည့်ကဏ္ဍတစ်ရပ်အဖြစ် ဆက်လက်ရှိနေကြောင်း သိရပါသည်။ ယခုနှစ် ပထမ ရှစ်လအတွင်း မှတ်ပုံတင်ထားသည့် FDI သည် အမေရိကန်ဒေါ်လာ ၄၀.၆၃ ဘီလီယံရှိပြီး အမှန်တကယ်ဝင်ရောက်ရင်းနှီးမြှုပ်နှံမှုမှာ အမေရိကန်ဒေါ်လာ ၁၇.၂၅ ဘီလီယံခန့် ရှိကြောင်း သိရပါသည်။ အဆိုပါကာလအတွင်း ဗီယက်နမ်၏စုစုပေါင်းကုန်သွယ်မှုပမာဏမှာ အမေရိကန် ဒေါ်လာ ၇၇၀.၁၄ ဘီလီယံရှိပြီး ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၃၇၄.၈၄ ဘီလီယံနှင့် သွင်းကုန် တန်ဖိုး အမေရိကန်ဒေါ်လာ ၃၉၅.၃ ဘီလီယံ ရှိခဲ့ကြောင်း သိရပါသည်။ ဗီယက်နမ်နှင့် ရုရှား အကြား နှစ်နိုင်ငံကုန်သွယ်မှုပမာဏမှာ ၂၀၂၆ ခုနှစ် ပထမခုနစ်လအတွင်း အမေရိကန်ဒေါ်လာ ၃.၂၄ ဘီလီယံရှိပြီး ယမန်နှစ်ကာလတူထက် ၁၂ ရာခိုင်နှုန်းတိုးတက်ခဲ့ကြောင်း သိရပါသည်။ ယင်းအနက် ဗီယက်နမ်၏ရုရှားသို့ပို့ကုန်မှာ အမေရိကန်ဒေါ်လာ ၁.၃၃ ဘီလီယံနှင့် ရုရှားမှ သွင်းကုန်မှာ အမေရိကန်ဒေါ်လာ ၁.၉၁ ဘီလီယံရှိကြောင်း သိရပါသည်။ ဩဂုတ်လ ၃၁ ရက်အထိ ရုရှားနိုင်ငံက ဗီယက်နမ်တွင်ရင်းနှီးမြှုပ်နှံထားသည့် စီမံကိန်း ၂၄၄ ခုရှိပြီး စုစုပေါင်းမှတ်ပုံတင် ရင်းနှီးမြှုပ်နှံမှုတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၉၉၆.၈၁ သန်းရှိကြောင်း သိရပါသည်။ ထို့ကြောင့် ဗီယက်နမ်တွင်ရင်းနှီးမြှုပ်နှံထားသည့် နိုင်ငံနှင့် နယ်မြေ ၁၅၄ ခုအနက် ရုရှားသည် အဆင့် ၂၈ တွင် ရပ်တည်နေကြောင်း သိရပါသည်။ ဗီယက်နမ်ဘက်မှလည်း ရုရှားနိုင်ငံတွင် ရင်းနှီးမြှုပ်နှံ ထားသည့် လုပ်ငန်းစီမံကိန်း ၁၉ ခုရှိပြီး စုစုပေါင်းမှတ်ပုံတင်ရင်းနှီးမြှုပ်နှံမှုမှာ အမေရိကန်ဒေါ်လာ ၁.၆၄ ဘီလီယံရှိကာ ဗီယက်နမ်ကရင်းနှီးမြှုပ်နှံထားသည့် နိုင်ငံနှင့် နယ်မြေ ၈၈ ခုအနက် အဆင့် ၄ တွင်ရပ်တည်နေကြောင်း သိရပါသည်။ ထင်ရှားသည့်စီမံကိန်းများတွင် Rusvietpetro ဖက်စပ် လုပ်ငန်းနှင့် TH Group ၏ နို့စားနွားမွေးမြူရေးနှင့် စိုက်ပျိုးရေးစီမံကိန်းများပါဝင်ကြောင်း သိရပါ သည်။ ဝန်ကြီး Ngo Van Tuan က နှစ်နိုင်ငံဝန်ကြီးဌာနများအကြား ရင်းနှီးမြှုပ်နှံမှု၊ အခွန်နှင့် အကောက်ခွန်ဆိုင်ရာကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုများပိုမိုထိရောက်စေရန်လိုအပ်ကြောင်း ပြောကြားခဲ့ပါသည်။ ထို့ပြင် ဘဏ္ဍာရေးဈေးကွက်၊ ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး၊ သိပ္ပံနှင့် နည်းပညာ၊ အစိမ်းရောင်ဘဏ္ဍာရေး၊ ဒစ်ဂျစ်တယ်ဘဏ္ဍာရေးနှင့် ဆန်းသစ်တီထွင်မှုတို့တွင် အတွေ့အကြုံနှင့် ကျွမ်းကျင်မှုများအပြန်အလှန်မျှဝေရန် တိုက်တွန်းခဲ့ကြောင်း သိရပါသည်။
   နှစ်နိုင်ငံဝန်ကြီးများသည် လက်ရှိဘဏ္ဍာရေးပူးပေါင်းဆောင်ရွက်မှုများနှင့် ကြုံတွေ့နေရသည့် အခက်အခဲများကိုလည်း ပြန်လည်သုံးသပ်ဆွေးနွေးခဲ့ကြပြီး ပေးချေမှုစနစ်များအပါအဝင် ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုများကိုအထောက်အကူပြုနိုင်မည့် သင့်လျော်သော ဖြေရှင်းနည်း များရှာဖွေရန် ပူးပေါင်းဆောင်ရွက်သွားမည်ဟု အတည်ပြုခဲ့ကြကြောင်း သိရပါသည်။ ယင်း ပူးပေါင်းဆောင်ရွက်မှုများသည် ဗီယက်နမ်-ရုရှားနှစ်နိုင်ငံအကြား စီးပွားရေးနှင့် ဘဏ္ဍာရေး ဆက်ဆံမှု ပိုမိုနက်ရှိုင်းခိုင်မာလာစေရန် အထောက်အကူပြုမည်ဖြစ်ကြောင်း သိရပါသည်။

 DOCA (ရန်ကုန်)