
စားသုံးသူရေးရာဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ ဒေါ်သစ္စာဖူး( ဦးစီးအရာရှိ ) ဦးဆောင်၍ ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ(၂၅) ရက်၊ နံနက်(၁၀:၀၀)နာရီ အချိန်တွင် လွိုင်ကော်မြို့ပေါ် ရှိ ဘူးသွင်းဆီများ ထုတ်လုပ်ဖြန့်ဖြူးရောင်းချနေသော ရွှေမင်း၊ ဒေါတမ၊ ဝင်းရွှေဝါ ဆီစက်များသို့ ဈေးကွက်မရောက်မီ ကုန်အညွှန်းအမှတ်အသားသတ်မှတ်ချက်များနှင့် ကိုက်ညီမှုရှိစေရေး သက်ဆိုင်ရာ မိတ်ဖက်ဌာနများနှင့် ပူးပေါင်းပြီး ကွင်းဆင်းစစ်ဆေးရာတွင် ရွှေမင်း၊ ဒေါတမ၊ ဝင်းရွှေဝါ ဆီစက်များ၌ ထုတ်လုပ်ဖြန့်ဖြူးရောင်းချသည့် ဘူးသွင်းဆီများတွင် ဖော်ပြထားသော ကုန်အမှတ်တံဆိပ်သည် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ်( ၂/၂၀၁၉ )အရ ကုန်စည်၏ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်၊ အသားတင်ပမာဏနှင့် ထားသိုသိမ်းဆည်းမှုအညွှန်းတို့ကို မြန်မာဘာသာဖြင့် ဖော်ပြထားရှိကြောင်း သတင်းရရှိပါသည်။
DOCA (ကယား)
