၂၀၂၀ ခုနှစ်၊ မတ်လ (၄) ရက်နေ့တွင် ကယားပြည်နယ်၊ လွိုင်ကော်ခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူများသည် လွိုင်ကော်မြို့ပေါ်ရှိ စားသောက်ကုန်များ၊ လက်လီ/လက္ကား ထုတ်လုပ် ဖြန့်ဖြူးရောင်းချနေသော လုပ်ငန်းများ၊ ဆေးဆိုင်များအား သက်ဆိုင်ရာမိတ်ဖက်ဌာနအဖွဲ့အစည်းတို့နှင့်ပူးပေါင်း၍ စျေးကွက်စောင့်ကြည့်ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ စျေးကွက်စောင့်ကြည့်စစ်ဆေးဆောင်ရွက်ရာတွင် စားသောက်ကုန်များ၊ လက်လီ/လက္ကား ထုတ်လုပ်ဖြန့်ဖြူးရောင်းချနေသော လုပ်ငန်းရှင်များ၊ ဆေးဆိုင်များအနေဖြင့် ဘေးအန္တရာယ်ကင်းရှင်းပြီး လုံခြုံစိတ်ချရသည့် ကုန်ပစ္စည်းများကိုသာ ထုတ်လုပ်ဖြန့်ဖြူး ရောင်းချကြရန်နှင့် ၂၀၁၉ စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသားများတွင် မြန်မာဘာသာဖြင့် ဖော်ပြြခင်းနှင့် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ၂/၂၀၁၉ ညွှန်ကြားချက်အား သိရှိလိုက်နာနိုင်ရေးအတွက် အသိပညာပေးခြင်းများ၊ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းများနှင့် သိလိုသည်များ မေးမြန်းလာသည့်အပေါ် ဖြေကြားဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
ကယားပြည်နယ်
စားသုံးသူရေးရာဦးစီးဌာန