ပဲခူးတိုင်းဒေသကြီးတွင် သက်သာသောနှုန်းထားဖြင့် စားသုံးဆီများ လှည့်လည်ရောင်းချ

Powered by Drupal

    ပဲခူးတိုင်းဒေသကြီးအတွင်းရှိ အခြေခံလူတန်းစားများအား စားသုံးဆီများကို သက်သာသောနှုန်းထားဖြင့် ဝယ်ယူရရှိနိုင်ရေးအတွက် ပဲခူးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနနှင့် ပဲခူးခရိုင် ဆီကုန်သည်များအသင်းနှင့် ပြည်ခရိုင် ဆီကုန်သည်များအသင်းတို့ပူးပေါင်း၍ မြန်မာနိုင်ငံဆီလုပ်ငန်းရှင်များအသင်းမှ ခွဲဝေရရှိသော စားသုံးဆီများကို ရည်ညွှန်းဈေအးပေါ် အခြေခံကာ (၁၈-၁-၂၀၂၃ ) ရက်နေ့တွင် ဈေးကားဖြင့် ရောင်းချပေးခဲ့ကြောင်း သိရှိရပါသည်။

        ပဲခူးခရိုင်တွင် အမှတ် (၆) မူလတန်းလွန်ကျောင်းနှင့် ဥဿာ (၇)ရပ်ကွက် မြို့ဦးကင်း မူလတန် ကျောင်းရှိ ဆရာ/ဆရာမများအား  (၁၈-၁-၂၀၂၃)ရက်နေ့၏ ရည်ညွှန်းဈေးအပေါ်အခြေခံ၍ ၁ ပိဿာလျှင် (၄၇၀ဝိ-/)ကျပ်ဖြင့် ပိဿာချိန် ၁၃၂၀ ပိဿာအား ရောင်းချပေးခဲ့ပြီး ပြည်ခရိုင်မှ မြို့နယ်အဆင့် ဌာနဆိုင်ရာများကို  ရည်ညွှန်းဈေးအပေါ် အခြေခံ၍ ၁ပိဿာလျှင် (၄၆၀ဝိ-/) ကျပ်ဖြင့် ပိဿာချိန် ၁၃၂၀ ပိဿာကို ရောင်းချပေးခဲ့ကြောင်းသိရှိရပါသည်။ အဆိုပါ စားသုံးဆီများအား သက်သာသောနှုန်းထားဖြင့် လှည့်လည်ရောင်းချခြင်းကို ဈေးကား (၈) စီးဖြင့် လှည့်လည်၍ ရောင်းချပေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)