မန်ကျည်းသီးစျေးကွက် အနည်းငယ်ပြန်လည်မြင့်တက်

Powered by Drupal

   မန်ကျည်းပင်သည် အပူပိုင်းဆန်သောအညာဒေသတွင် အများအားဖြင့် အလေ့ကျပေါက်သောနှစ်ရှည်ပင်တစ်မျိုးဖြစ်ပါသည်။ မန်ကျည်းပင်သည် မန္တလေးတိုင်းဒသကြီး၊ မိတ္ထီလာ၊ မလှိုင်၊ သာစည်နှင့် ဝမ်တွင်းမြို့နယ်ကျေးရွာများရှိ အိမ်ခြံစည်းရိုးများတွင် အလေ့ကျပေါက်လျက်ရှိပါသည်။ မန်ကျည်းပင်သည် (၅) နှစ်သားအရွယ်မှစသီးပြီး နိုဝင်ဘာလ၌ အသီးကင်းစတင်ကာ ဖေဖော်ဝါရီလ တွင် မန်ကျည်းမှည့်ပေါ်ပါသည်။ မန်ကျည်းမှည့်ကို အကြော်၊ အကင်များနှင့်တွဲဖက်၍ အချဉ်ရည်အဖြစ်လည်းကောင်း၊ ဟင်းချက်ရာတွင်လည်းကောင်း၊ တိုင်းရင်းဆေးဝါးများဖော်စပ်ရာတွင်လည်းကောင်း၊ မန်ကျည်းဖျော်ရည်ထုတ်လုပ်ရာတွင်လည်းကောင်း၊ မန်ကျည်းတော်ဖီပြုလုပ်ရာတွင်လည်းကောင်း စသည့် တန်ဖိုးမြှင့်ထုတ်ကုန်များလည်းထုတ်လုပ်ကြပါသည်။

    မန်ကျည်းမှည့်သည် ဘက်စုံအသုံးဝင်၍ စျေးကွက်ရှိသဖြင့် တောင်သူများစိုက်ပျိုးသည့် သီးနှံဝင်ငွေအပြင် တစ်ဖက်တစ်လမ်းမှ အပိုဝင်ငွေရရှိလျက်ရှိပြီး၊ မန်ကျည်းမှည့်အား ကုန်သည်ပွဲစားများက အပင်ပြတ်ကြိုတင်ဝယ်ယူခြင်း၊ အစေ့ပါ (သို့မဟုတ်) အစေ့မပါစျေးနှုန်းများဖြင့် မိတ္ထီလာကုန်သည်များနှင့် မလှိုင်ကုန်သည်များက ဝယ်ယူကြပြီး ပဲခူး၊ ရန်ကုန်မြို့များသို့ တင်ပို့ကြပါသည်။ ယခုမတ်လတွင် စျေးကွက်အတွင်းဖြစ်ပေါ်နေသော မန်ကျည်းမှည့်စျေးနှုန်းမှာ အစေ့ပါတစ်ပိဿာလျှင် (၁၃၀၀) ကျပ်နှင့် အစေ့မပါတစ်ပိဿာလျှင် (၄၀၀၀) ကျပ်စျေးဖြင့် ရောင်းချလျက်ရှိကြောင်း၊ ယခင်ဖေဖော်ဝါရီလ မန်ကျည်းသီးပေါ်ချိန်တွင် အစေ့ပါတစ်ပိဿာလျှင် (၁၅၀၀) ကျပ်နှင့် အစေ့မပါတစ်ပိဿာလျှင် (၃၀၀၀) ကျပ်သာရှိပြီး ယခင်လနှင့်ယခုလနှိုင်းယှဉ်လျှင် စျေးနှုန်းအနည်းငယ် ပြန်လည်မြှင့်တက်လာကြောင်းသိရှိရပါသည်။

DOCA(မန္တလေး)