သုံးစွဲရန်မဖြစ်သော တိုင်းရင်းဆေးဝါးဖြစ်သည့် ကိုဗစ်နိုင်ဆေးလျက်ဆား (KOVITNAI MEDICAL SALT) အား ဈေးကွက်အတွင်း ရောင်းချနေမှု ရှိ မရှိ ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

       ၈.၁၀.၂၀၂၀ ရက်နေ့မှ ၉.၁၀.၂၀၂၀ ရက်နေ့ထိ ကချင်ပြည်နယ်၊ ပြည်နယ်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူးများသည် တိုင်းရင်းဆေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့များနှင့်ပူးပေါင်း၍  တိုင်းရင်းဆေးဦးစီးဌာနမှ သုံးစွဲရန်မသင့်တားမြစ်ထားသော Oline တွင် ရောင်းချနေသည့် ကိုဗစ်နိုင် လျှက်ဆား COVITNAI MEDICINE SALT အား ရောင်းချနေမှု ရှိ/မရှိ မြစ်ကြီးနားမြို့၊ မြို့မရပ်ကွက်၊ ဧရာရပ်ကွက်နှင့် ဒူကထောင်ရပ်ကွက်ရှိ ဆေးဆိုင်များတွင်လည်းကောင်း၊ ဗန်းမော်မြို့နယ်၊ မင်းကုန်းရပ်ကွက်၊ အလယ်ရပ်ရပ်ကွက်၊ မြို့မရပ်ကွက်၊ ညောင်ပင်ရပ်ကွက်၊ နားခါတောင်ရပ်ကွက်၊ နားခါမြောက်ရပ်ကွက်ရှိ ဆေးဆိုင်များတွင်လည်းကောင်း ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

စားသုံးသူရေးရာဦးစီးဌာန

ကချင်ပြည်နယ်