သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
15 May 2024

       စားသုံးသူရေးရာဦးစီးဌာန၊ မုံရွာခရိုင်ဦးစီးမှူးရုံးမှ ချောင်းဦးမြို့နယ်တာဝန်ခံသည် စားသုံးသူကာကွယ်ပေးရေး၊ အသိပညာများတိုးပွားရရှိစေရေး အသိပညာပေးဟောပြောပွဲအခမ်းအနားကို ၂၀၂၄ခုနှစ်၊ မေလ ၉ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင်ပြုလုပ်ခဲ့ရာ မုံရွာမြို့၊ အ.ထ.က -၂ တွင်ကျင်းပပြုလုပ်သည့် အလယ်အလတ်အဆင့် မွန်းမံသင်တန်း၌ တက်ရာက်လျက်ရှိသော ဆရာ/ ဆရာမစုစုပေါင်း (၁၀၅) ဦးတက်ရောက်ခဲ့ကြကြောင်းသိရှိရပါသည်။

15 May 2024

   ဧရာဝတီတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာန ဒုတိုင်းဦးစီးမှူးနှင့်ဝန်ထမ်းများသည် ပုသိမ်မြို့ပေါ်ရှိ သူနာပြုနှင့်သားဖွားသင်တန်းကျောင်းတွင် မေလ ၁၀ ရက်၊နံနက် (၁၀:၀၀) နာရီ သင်တန်းကျောင်းအုပ်ဆရာမကြီး ဒေါ်အေးအေးသင်းနှင့်ဆရာမများ သင်တန်းသူ (၈၆) ဦးအား အသိပညာပေးဟောပြောဆွေးနွေး၍ စားသုံးသူအကာအကွယ်ပေးရေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပါသည်၊၊

15 May 2024

     ဧရာဝတီတိုင်းဒေကြီး၊ စားသုံးသူရေးရာဦးစီးဌာန ၊ တိုင်းဒေသကြီးဦးစီးမှူးရုံးမှ ဒုတိုင်းဦးစီးမှူး ဦးထွန်းထွန်း၊ ဌာနခွဲမှူးနှင့် ဝန်ထမ်းများသည် မေလ ၁၁ ရက်နေ့ နံနက်ပိုင်း ပုသိမ်မြို့ပေါ်ရှိ စားသောက်ကုန်၊ လူသုံးကုန်စည်နှင့် အလှကုန်ပစ္စည်းမျိုးစုံရောင်းချလျက်ရှိသော Z-Mall Mini Mart သို့ သွားရောက်၍ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ကွင်းဆင်းစစ်ဆေးခဲ့ပါသည်၊၊

15 May 2024

     (၁၀-၅-၂၀၂၄) ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးသည် ပြည်နယ်ဦးစီးမှူးရုံးခန်း၌ MYCH အမှတ်တံဆိပ် ရေသန့်လုပ်ငန်းရှင်နှင့် တွေ့ဆုံခဲ့သည်။

14 May 2024

    စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းသည် စားသုံးသူများ ဆန်ဈေးနှုန်းများ ဈေးနှုန်းမြင့်တင်ရောင်းချမှုရှိ/ မရှိကို  မေလ (၈)ရက်၊  နံနက် (၁၀:၀၀) နာရီအချိန်တွင် ပူးပေါင်းအဖွဲ့များဖြင့်  သာပေါင်းမြို့နယ်၊ နေယု ဆန်စက်တွင် ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

Pages