Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
19 Mar 2024

     ဧရာဝတီတိုင်းဒေသကြီး ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဦးသိန်းမောင်သည် ဒေးဒရဲမြို့နယ် စိုက်တိုးမြှင့်ကော်မတီ ဥက္ကဌ ဦးမျိုးကျော်ကျော်၊ မြို့နယ်စိုက်တိုးမြှင့် အဖွဲ့ဝင်များနှင့်အတူ ၂၀၂၄ ခုနှစ်၊ မတ်လ(၁၂) ရက်နေ့ နံနက် (၀၉:၃၀) နာရီအချိန်တွင် ဒေးဒရဲမြို့နယ်၊ ကျုံဒူးဒါးမလိမ်းကျေးရွာ၌ ကျင်းပပြုလုပ်သော ဆီထွက်သီးနှံ ဆောင်းနေကြာ စံကွက်ရိတ်သိမ်းပွဲသို့ တက်ရောက်ခဲ့ပါသည်။

19 Mar 2024

   ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူပြည်သူများ စားသုံးသူအခွင့်အရေး မှန်မှန်ကန်ကန် သိရှိနားလည်ရန်၊ စားသုံးသူအခွင့်အရေးနစ်နာ ဆုံးရှုံမှု မရှိစေရန် (စားသုံးသူကာကွယ်ရေးဥပဒေ) အကြောင်းကို ကျေးရွာများအထိ သွားရောက်၍ မအူပင်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနတို့ပူးပေါင်းကာ မအူပင် မြို့နယ် ရေကြည်ကျေးရွာ မှန်ပင် ဘုန်းတော်ကြီးကျောင်းတွင် ပြည

19 Mar 2024

    ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးသည် ၂၀၂၃ခုနှစ် မတ်လ ၁၂ရက်နေ့က စည်ပင်သာယာရေးအဖွဲ့နှင့်အတူ မအူပင်မြို့ ၆ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် ကုန်မျိုးစုံရောင်းချသူ လုပ်ငန်းရှင် (၂၁)ဦးနှင့်တွေ့ဆုံ၍  လုပ်ငန်းရှင်အသိပညာပေးခြင်း ဟောပြောဆွေးနွေးခဲ့ကြသည်။

19 Mar 2024

   (၈.၃.၂၀၂၄)ရက်နေ့၊နံနက် (၁၀:၀၀)အချိန်တွင် ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူ မြို့နယ်ဦးစီးမှူးရုံးမှ ဦးခိုင်လွမ်းမိုးနှင့် ဝန်ထမ်းများသည် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီဌာနနှင့် ပူးပေါင်းကာ ရေကြည်ကျေးရွာအုပ်စုရှိ ပြည်သူ (၁၅၀) ဦးအား စားသုံးသူကာကွယ်ရေး အသိပညာ ပေး ဟောပြောခဲ့ကြသည်။

19 Mar 2024

     စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်ဦးစီးမှူးရုံး၊ ဓနုဖြူမြို့နယ် ဦးစီးမှူးရုံးမှ တာဝန်ရှိသူ ဝန်ထမ်းများသည် (၁၂.၃.၂၀၂၄) ရက်နေ့ ၊နံနက် (၁၀:၀၀)အချိန်က ဓနုဖြူမြို့(၇)ရပ်ကွက် ၊ ရတနာသီရိလမ်းရှိ မာဃပဲမုန့် လုပ်ငန်းသို့သွားရောက်၍ ကုန်အညွှန်းအမှတ်အသားဆိုင်ရာပြဌာန်းချက်နှင့် ပတ်သက်၍ စီးပွားရေးလုပ်ငန်းရှင်လိုက်နာဆောင်ရွက်နိုင်စေရန်၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ကွင်းဆင်းစစ်ဆေး အသိပညာပေးခဲ့ကြသည်။

Pages