Main menu

ဆောင်ရွက်သွားမည့်လုပ်ငန်းတာဝန်များ

Powered by Drupal

စားသုံးသူရေးရာဦးစီးဌာန၏ ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းတာဝန် များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

(က) စားသုံးသူအကာအကွယ်ပေးရေးဆိုင်ရာ မူဝါဒများချမှတ်ဆောင်ရွက် ရာတွင် ပြည်ထောင်စုအစိုးရအဖွဲ့သို့ အကြံဉာဏ်များ၊ ထောက်ခံချက်များနှင့် ပံ့ပိုးမှုများ ဆောင်ရွက်ပေးရန်။

(ခ) ကုန်စည်၊ ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ စားသုံးသူ ဘေးဥပဒ်အန္တရာယ် ကင်းရှင်းရေး အတွက် ကွင်းဆင်းလေ့လာဆောင်ရွက်ရန်။

(ဂ) စားသုံးသူအကျိုးစီးပွားအတွက် လူထုဆက်သွယ်ရေးနည်းလမ်းများဖြင့် ပညာပေးခြင်း၊ သတင်းဖြန့် ဝေပေးခြင်းနှင့် စားသုံးသူတို့၏ သဘောထားကိုရယူရန်။

(ဃ) စားသုံးသူထံမှဖြစ်စေ၊ စားသုံးသူအကာအကွယ်ပေးရေးဆိုင်ရာ အဖွဲ့အစည်းများနှင့် အခြားအဖွဲ့အစည်း များထံမှဖြစ်စေ စားသုံးသူအကာအကွယ် ပေးရေး နှင့်စပ်လျဉ်းသည့် တိုင်ကြားမှုများကို လက်ခံဖြေရှင်းပေးရန်။

(င) စားသုံးသူအကာအကွယ်ပေးရေးလုပ်ငန်းနှင့်စပ်လျဉ်းပြီး စစ်တမ်းများ ကောက်ယူ၍ သုတေသနပြုခြင်း နှင့် ယင်းသုတေသနပြုမှုများကို ပြန်လည်သုံးသပ်၍ စားသုံးသူများ၏ အကျိုးအတွက် လိုအပ်သလိုဆောင်ရွက်ပေးရန်။

(စ) အစိုးရမဟုတ်သော စားသုံးသူအကာအကွယ်ပေးရေးဆိုင်ရာအဖွဲ့များ ဖွဲ့စည်းဆောင်ရွက် နိုင်ရေး၊ ယင်းအသင်းအဖွဲ့များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အားပေးဆောင်ရွက်ရန်နှင့် ယင်းအသင်းအဖွဲ့များ၏ ဥပဒေနှင့်အညီ ဆောင်ရွက်သော လုပ်ငန်းများအပေါ် ပူးပေါင်း ဆောင်ရွက်ရန်။

(ဆ) အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများ၊ ဒေသဆိုင်ရာအဖွဲ့အစည်းများနှင့် ဆက်သွယ်ဆောင်ရွက်ရန်။

(ဇ) ဘေးဥပဒ်အန္တရာယ်ရှိသော စားသုံးရန်မသင့်သည့် ကုန်စည်နှင့် စပ်လျဉ်း၍ တားမြစ်နိုင်ရန်သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများသို့ အကြောင်းကြားရန်။

(စျ) ကုန်စည် သို့မဟုတ် ဝန်ဆောင်မှု စံချိန်စံညွှန်း ကျွမ်းကျင်မှုအဖွဲ့များနှင့် ဓာတ်ခွဲခန်း များကိုလိုအပ်ပါက သတ်မှတ်ချက်များနှင့်အညီဖွဲ့စည်းပေးနိုင်ရန်အတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများနှင့် ညှိနှိုင်းဆောင်ရွက်ရန်။

(ည) စားသုံးသူအကျိုးစီးပွားကို ကာကွယ်ပေးရန်နှင့်ယင်းတို့၏ အရေးကိစ္စ များကို ထိရောက်စွာဆောင်ရွက်နိုင်ရန် စီးပွားရေးလုပ်ငန်းရှင်များကို အသိပညာ ပေးရန်။

(ဋ) စားသုံးသူအငြင်းပွားမှုဖြေရှင်းရေးအဖွဲ့က ချမှတ်သော စီမံခန့်ခွဲရေး ပြစ်ဒဏ်အပေါ် အယူခံမှုကို အဆုံးအဖြတ်ပေးနိုင်ရေး ဆောင်ရွက်ရန်။

(ဌ)စီးပွားဖြစ်ကုန်ထုတ်လုပ်မှုကဏ္ဍအသီးသီး စျေးကွက်ယှဉ်ပြိုင်ဝင်ရောက် နိုင်စွမ်း ရှိအောင် အရည်အသွေးစံချိန်စံညွှန်းမြှင့်တင်ခြင်းကို ထုတ်လုပ်သူများ၊ ဌာန ဆိုင်ရာများ၊ အဖွဲ့ အစည်းများနှင့် ညှိနှိုင်းပူးပေါင်းမြှင့်တင်ပညာပေးဆောင်ရွက်ရန်။