Main menu

ညွှန်ကြားရေးမှူးချုပ်၏ ကိုယ်ရေးအကျဉ်း

Powered by Drupal

            စီးပွားရေးနှင့်ကူးသန်းရောင်း၀ယ်ရေး၀န်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၏  ညွှန်ကြားရေးမှူးချုပ် ဖြစ်သော ဦးလှမော်ဦးသည် ၁၉၅၈ခုနှစ်တွင် ရန်ကုန်မြို့၌ မွေးဖွား ခဲ့ပါသည်။ ၁၉၇၅ - ၁၉၇၆ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်တွင် ပညာဆည်းပူးခဲ့ပြီး ၁၉၇၆ - ၁၉၇၇ခုနှစ် တွင် မေမြို့ စစ်တက္ကသိုလ်ဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၂၂)ကို တက်ရောက်ခဲ့သည်။
           ၁၉၈၁ မှ ၂၀၀၂ခုနှစ်အထိ တပ်မတော်၌ ဗိုလ်မှူးကြီးအဆင့်အထိ တာ၀န်ထမ်းဆောင် ခဲ့ပါသည်။၂၀၀၅-၂၀၁၁ခုနှစ်တွင် စီးပွားရေးနှင့်ကူးသန်းရောင်း၀ယ်ရေး၀န်ကြီးဌာန၊ နယ်စပ် ကုန်သွယ်ရေးဦးစီးဌာန(နေပြည်တော်)၌ ဒုတိယညွှန်ကြားရေးမှူးချုပ်အဖြစ် တာ၀န် ထမ်းဆောင်ခဲ့ပြီး ၂၀၁၁-၂၀၁၃ခုနှစ်တွင် မြန်မာ့လယ်ယာထွက်ကုန်ပစ္စည်း ရောင်း၀ယ်ရေး၌ အထွေထွေမန်နေဂျာ အဖြစ်လည်းကောင်းလုပ်ကိုင်ခဲ့သည်။၂၀၁၆ခုနှစ် မှ ယခုအထိ စီးပွားရေးနှင့် ကူးသန်းရောင်း၀ယ်ရေး၀န်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၌ ညွှန်ကြားရေးမှူးချုပ် အဖြစ် တာ၀န်ထမ်းဆောင်လျှက်ရှိပါသည်။