Main menu

စားသုံးသူရေးရာဦးစီးဌာန သမိုင်းအကျဉ်း

Powered by Drupal

ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ ဖြစ်ပေါ်လာပုံ

        စားသုံးသူအကာအကွယ်ပေးရေးနှင့်ပတ်သက်၍ အနောက်နိုင်ငံများတွင် ၁၉၆၀ခုနှစ် နောက်ပိုင်း အရေးဆို‌ဆောင်ရွက်လာမှုများအပေါ် အမေရိကန်သမ္မတ ဂျွန်အက်ဖ်ကနေဒီက ၁၉၆၂ ခုနှစ်၊ မတ်လ ၁၅ ရက်နေ့တွင် ကွန်ကရက်လွှတ်တော်၌ စားသုံးသူအရေးကိစ္စနှင့်ပတ်သက်ပြီး မိန့်ခွန်းပြောကြားခဲ့ရာမှ အစပြု၍ “ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့” (WCRD) အဖြစ် သတ်မှတ်ပေးခဲ့ပါသည်။ အဆိုပါနေ့ကို ကမ္ဘာ့စားသုံးသူများအဖွဲ့(Consumer International) က ဦးဆောင်၍ နှစ်စဉ် မတ်လ ၁၅ ရက်နေ့တွင် စားသုံးသူများ၏ အခွင့်အလမ်းများကို ဂရုပြုမြှင့်တင်သည့် အနေဖြင့် “ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့” အခမ်းအနားများကို နှစ်စဉ်နှစ်တိုင်းကျင်းပပြုလုပ်လျက်ရှိပါသည်။

ဦးစီးဌာနအဆင့်ဆင့်ဖြစ်ပေါ်လာပုံ

      နိုင်ငံတော်သမ္မတရုံးက ၂၀၁၁ ခုနှစ်၊ ဇွန်လ ၁၃ ရက်နေ့တွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအား စားသုံးသူကာကွယ်‌ရေးလုပ်ငန်းများ တာဝန်ယူဆောင်ရွက်ရန် တာဝန်ခံဝန်ကြီးဌာန (Focal) အဖြစ် တာဝန်ပေးအပ်ခဲ့ပြီး အဆိုပါ လုပ်ငန်းများ ပိုမိုထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရွက်ရန်အတွက် ၂၀၁၃ ခုနှစ်တွင် ကူးသန်းရောင်းဝယ်ရေးနှင့် စားသုံးသူရေးရာဦးစီးဌာနအဖြစ်လည်းကောင်း၊ ၂၀၁၅ ခုနှစ်တွင် ကုန်သွယ်မှု မြှင့်တင်ရေးနှင့် စားသုံးသူရေးရာဦးစီးဌာနအဖြစ်လည်းကောင်း ဖွဲ့စည်းခဲ့ပြီး ၂၀၁၆ ခုနှစ်တွင် စားသုံးသူကာကွယ်ရေးလုပ်ငန်းများ ပိုမိုထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်ရန်အတွက် စားသုံးသူရေးရာဦးစီးဌာနအဖြစ် သီးခြားပြောင်းလဲဖွဲ့စည်းခဲ့ပါသည်။