Main menu

ပြည်နယ်ဦးစီးမှူးသည် အအေးခန်းလုပ်ငန်းရှင်များနှင့်တွေ့ဆုံ

Powered by Drupal

    စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးသည်  (၁၁-၄-၂၀၂၄) ရက်နေ့တွင် ပြည်နယ်ဦးစီးမှူးရုံးခန်း၌ မော်လမြိုင်မှ အအေးခန်းလုပ်ငန်းရှင်များနှင့် တွေ့ဆုံခဲ့သည်။

   ထိုသို့တွေ့ဆုံရာတွင် ပြည်နယ်ဦးစီးမှူးက အအေးခန်းလုပ်ငန်းရှင်များအား အအေးခန်း၌ ကုန်ပစ္စည်းသိုလှောင်ထားရှိမှုအခြေအနေ၊ လျှပ်စစ်မီးရရှိမှု၊ ဝန်ဆောင်မှုပေးသည့် အခြေအနေများကိုဆွေးနွေးမေးမြန်းခဲ့ရာ လုပ်ငန်းရှင်များအနေဖြင့် ယခုအချိန်တွင် အအေးခန်းများ၌ ငါးခြောက်၊ ငရုတ်သီးခြောက်၊ အာလူး၊ မန်ကျည်းမှည့် စသည့်ကုန်ပစ္စည်းများကို သိုလှောင်ထားရှိကြောင်း၊ ကုန်ပစ္စည်းသိုလှောင်လိုသည့် လုပ်ငန်းရှင်များပြားလာသဖြင့် လုပ်ငန်းများတိုးချဲ့နေရကြောင်း၊ လျှပ်စစ်မီးပြတ်တောက်မှုများသဖြင့် မီးစက်များကိုအသုံးပြုနေရကြောင်း၊ ဝန်ဆောင်ခနှုန်းထားအနေဖြင့် တစ်နေ့လျှင် တစ်ပိဿာသိုလှောင်ခ (၃) ကျပ်နှုန်းဖြင့် ဝန်ဆောင်မှုပေးလျက်ရှိကြောင်းသိရှိရပါသည်။

DOCA(မွန်)