Main menu

ဧရာဝတီတိုင်းဒေသကြီး ၊ တိုင်းဦးစီးမှူးရုံးတွင် ပုသိမ်ခရိုင်အတွင်းရှိ ဆီအရောင်းကိုယ်စားလှယ်များအား ခေါ်ယူတွေ့ဆုံ သတိပေး

Powered by Drupal

    ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံး ၊ အစည်းအဝေး ခန်းမတွင် (၂၆.၄.၂၀၂၄) ရက်နေ့ ၊ နံနက် (၁၁:၀၀) နာရီအချိန်တွင် ပုသိမ်ခရိုင်အတွင်းရှိ  ဆီအရောင်းကိုယ်စားလှယ် စုစုပေါင်း (၁၈) ဦးအား စားအုန်းဆီဈေးနှုန်း မြှင့်တင်ရောင်းချမှုမပြုရေး ခေါ်ယူ တွေ့ဆုံ ဆွေးနွေးခဲ့ပါသည်။

    တိုင်းဒေသကြီးဦးစီးမှူး ဦးဇေယျာဆွေနှင့်အဖွဲ့က အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေပါအချက်များအား ရှင်းလင်းဆွေးနွေးခြင်းနှင့် စားအုန်းဆီဖြန့်ဖြူးမှုဆိုင်ရာ လုပ်ထုံးလုပ်နည်း စည်းကမ်းချက်များအား ထပ်မံအသိပေးဆွေးနွေးခဲ့ပြီးနောက် ဆီအရောင်းကိုယ်စားလှယ်များကလည်း စားအုန်းဆီဈေးနှုန်း မြှင့်တင်ရောင်းချမှုမပြုရေး ကြေငြာချက်နှင့် အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှု ဥပဒေပါအချက်များကို သိရှိနားလည်လိုက်နာဆောင်ရွက်ပမည်ဖြစ်ကြောင်းနှင့် လိုက်နာ ဆောင်ရွက်မှုပျက်ကွက်ပါက ဥပဒေအရ အပြစ်ပေးအရေးယူခံရမည်ကို သိရှိပါသည်ဟု လက်မှတ်ရေးထိုးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)