Mybus ဝန်ဆောင်မှုနှင့်ပတ်သက်၍ တိုင်ကြားမှုအား ဖြေရှင်းဆောင်ရွက်မှုဖြစ်စဉ်

Powered by Drupal

         စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးမှ ၁၄.၁၂.၂၀၂၁ ရက်နေ့တွင် ရွှေဘိုခရိုင်၊ ဒီပဲယင်းမြို့နယ်၊ စိုင်ပြင်မြို့နေ စားသုံးသူတစ်ဦး၏ Website Complaint System သို့ Mybus ဝန်ဆောင်မှုနှင့် ပတ်သက်၍တိုင်ကြားမှုအား ဖြေရှင်းဆောင်ရွက်ပေးနိုင်ခဲ့ပါသည်။

       တိုင်ကြားမှုနှင့်ပတ်သက်၍ ရွှေဘိုခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူးရုံးမှ စားသုံးသူကာကွယ်ရေးဥပဒေအရ တိုင်ကြားသူရေးသားထားသည့် အကြောင်းအရင်းနှင့် ကိုက်ညီမှုရှိ/မရှိ တယ်လီဖုန်းဖြင့် ဆက်သွယ်မေးမြန်းရာတွင် တိုင်ကြားသူသည် ဆက်သွယ်ရေးဝန်ဆောင်မှုတစ်ခုမှ ဆင်းကဒ်နံပါတ် (၀၉-******) ဖြင့် Mybus ဝန်ဆောင်မှုကို (၁၀/၂၀၂၁)လတွင် ရယူထားပြီး လစဉ် ငွေကျပ် ၂၅၀၀ဝိ/-ဖြည့်သွင်း၍ အသုံးပြုလျက်ရှိကြောင်း၊ (၁၄.၁၂.၂၀၂၁)ရက်နေ့တွင် သုံးစွဲ၍မရသဖြင့် ဆက်သွယ်ရေး ဝန်ဆောင်မှု အော်ပရေတာသို့ မေးမြန်းရာရှင်းလင်းပြောဆိုခြင်းမရှိသဖြင့် တိုင်ကြားရကြောင်း၊ ယခုလက်ရှိအခြေ အနေတွင် မိမိတို့ဒေသ၌ လိုင်းများပြတ်တောက်သဖြင့် ယင်းဆင်းကဒ်ကို ဆက်လက်သုံးစွဲ၍ ရ/မရ နှင့် နောင်တွင်လိုင်းများ ကောင်းမွန်ပါက သုံးစွဲ၍ ရ/မရ သိရှိလိုကြောင်း၊ ဌာနအနေဖြင့် ကူညီပေးရန် တယ်လီဖုန်းဖြင့် ဖြေကြားခဲ့ပါသည်။

     စားသုံးသူကာကွယ်ရေးဥပဒေအရ တိုင်ကြားမှုနှင့်ပတ်သက်၍ ညှိနှိုင်းဖြေရှင်းရန်အတွက် နယ်မြေ အခြေအနေအရ တိုင်ကြားသူနှင့် စီးပွားရေးလုပ်ငန်းရှင်အား တွေ့ဆုံ၍ ညှိနှိုင်းဖြေရှင်းရန် အခက်အခဲရှိသဖြင့် တိုင်ကြားသူလက်ခံရယူထားသော ဆက်သွယ်ရေးဝန်ဆောင်မှုနှင့်ပတ်သက်၍ ဌာနအနေဖြင့် ယင်းOperator မှတစ်ဆင့် နံပါတ် “XXX”သို့ ဆက်သွယ်ဆောင်ရွက်ရာတွင် မိမိတို့ အော်ပရေတာ ဆင်းကဒ်အမှတ် (၀၉-*******) မှာMybus ဝန်ဆောင်မှုကို ရယူထားကြောင်း၊ ၎င်းဝန်ဆောင်မှုမှာ ငွေကျပ် ၅၀၀ဝိ/-ဖြည့်သွင်းလျှင် (၂)ရက်၊ ၁၀၀၀ဝိ/- ဖြည့်သွင်းလျှင် (၇)ရက်၊ ငွေကျပ် ၁၅၀၀ဝိ/-မှ ၂၅၀၀ဝိ/-ကြားဖြည့်သွင်းလျှင် (၁၅)ရက်နှင့်ငွေကျပ် ၂၅၀၀ဝိ/- ဖြည့်သွင်းပါက (၁)လ သုံးစွဲ၍ရကြောင်း၊ ယခုဆင်းကဒ်မှာ (၁၃.၁.၂၀၂၂)ရက်နေ့တွင် သက်တမ်း ကုန်ဆုံးနေပြီဖြစ်ကြောင်း၊ ရက်ပေါင်း (၉၀)အတွင်း ငွေထပ်မံမဖြည့်သွင်းပါက ကဒ် အား ပယ်ဖျက်မည်ဖြစ်၍ ငွေဖြည့်သွင်းပါက ငွေဖြည့်သွင်းသည့်ရက်၏ ည (၁၂:၀၀)နာရီကျော်လျှင် ကဒ် ပြန်ပွင့်ပါကြောင်းနှင့် တိုင်ကြားသူအား ဌာနအနေဖြင့် ဆက်သွယ်ပေးစေလိုကြောင်း၊ ယခင်အဆင်မပြေမှုများရှိပါက တောင်းပန်ကြောင်း ဖြေကြားခဲ့ပါသည်။

       ဌာနအနေဖြင့် Mytel ဆက်သွယ်ရေးအော်ပရေတာ၏ ပြန်ကြားချက်ကို တိုင်ကြားသူအား ဆက်သွယ်ဆောင်ရွက်ရာ မိမိအနေဖြင့် ယခုလိုဌာနမှ ကူညီဆောင်ရွက်ပေးသဖြင့် သိရှိလိုသည်များ ကို ပြည့်စုံစွာ သိရှိရကြောင်း၊ စားသုံး သူရေးရာဦးစီးဌာနကိုလည်း ကျေးဇူးတင်ရှိပါကြောင်းနှင့် စိတ်ကျေနပ်မှုရှိပါကြောင်း ပြန်လည်တင်ပြခဲ့သဖြင့် စားသုံးသူနစ်နာ ဆုံးရှုံးမှုများ ဖြေရှင်းဆောင်ရွက် ပေးနိုင်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)