ဗားဂရာငှက်ပျာသီးအသင်းမှ (၁၈-၃-၂၀၂၄) ရက်နေ့မှ (၂၅-၃-၂၀၂၄) ရက်နေ့အထိ ငှက်ပျောသီးဝင်ရောက်မှုစာရင်းနှင့် ဈေးနှုန်းများမှာ ယခုရက်ပိုင်းများ၌ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ တွံတေးမြို့နယ်များမှ သီးမွှေး၊ ရွှေငှက်ပျော၊ ဖီးကြမ်း၊ ရခိုင်ငှက်ပျောတို့ဝင်ရောက်မှုများကြောင်း၊ ပဲခူးတိုင်း၊ တောင်ငူ၊ ရေတာရှည်တို့မှလည်း သီးမွှေးငှက်ပျောဝင်ရောက်မှုရှိကြောင်း၊ မန္တလေးတိုင်း၊ ကျောက်ဆည်နယ်ဘက်မှ ဖီးကြမ်းငှက်ပျောဝင်ရောက်မှုရှိကြောင်း၊ ရွှေဘို၊ ဘုတလင်မှလည်း ဖီးကြမ်းငှက်ပျောဝင်ရောက်မှုရှိပါသည်။ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်းတို့မှ သင်္ဘော(၃) စီး၊ (၁၂) ဘီးကား ၅စီး၊ Luck Truck (၁၀) စီးဝင်ရောက်ခဲ့ရာ Luck Truck တစ်စီးလျှင် ငှက်ပျော်အခိုင် (၁၃၀) ခိုင်ပါရှိပြီး ၁၂ဘီးကားတစ်စီးလျှင် ငှက်ပျောအခိုင် ၅၅၀ခိုင်ပါရှိ ကြောင်းသိရှိခဲ့ရပါသည်။ ငှက်ပျောဈေးနှုန်းများမှာ ရခိုင်တစ်ဖီးလျှင် ၄၀၀ကျပ်မှ ၁၈၀၀ကျပ်၊ သီးမွှေးတစ်ဖီးလျှင် ၇၀၀ကျပ်မှ ၃၀၀၀ကျပ်၊ ဖီးကြမ်းတစ်ဖီးလျှင် ၁၀၀၀ကျပ်မှ ၃၃၀၀ကျပ်၊ ရွှေငှက်ပျောသီးတစ်ဖီးလျှင် ၁၀၀၀ကျပ်မှ ၄၅၀၀ကျပ်ထိရှိကြောင်း၊ ယခုရက်ပိုင်းများတွင် ငှက်ပျောကားအဝင်များပြီး စစ်ကိုင်းတိုင်း၊ ရွှေဘိုနယ်တွင် လေပြင်းတိုက်ခိုက်ခဲ့သဖြင့် ငှက်ပျော စိုက်သူများအနေဖြင့် ပိုမိုတိုး၍ ငှက်ပျောခုတ်ယူများရှိကြောင်း ငှက်ပျောအသင်း၏ပြောကြားချက်အရသိရှိရပါသည်။
DOCA(ရန်ကုန်)