နွေရာသီအခြေခံပန်းချီရေးဆွဲနည်းနှင့် အင်္ဂလိပ်စာသင်တန်းဆင်းပွဲ အခမ်းအနားတွင် ပူးပေါင်းဆောင်ရွက်

Powered by Drupal

      မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့၌ နွေရာသီအခြေခံပန်းချီရေးဆွဲနည်းနှင့် အင်္ဂလိပ်စာသင်တန်းဆင်းပွဲအခမ်းအနားကို (၁၁.၄.၂၀၂၄)ရက်နေ့၊ နံနက် (၁၀:၀၀)နာရီအချိန်တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပရာ စားသုံးသူရေးရာဌာန၊ ချောက်မြို့နယ်တာဝန်ခံ ဒေါ်မြတ်မြတ်မိုးမှ ပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့ပါသည်။

      ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သိမ့်ဝါက သင်တန်းဆင်းအမှာစကားပြောကြားပြီး ကလေးငယ်များမှ အကများဖြင့် ကပြဖျော်ဖြေခဲ့ကြရာ အကအဖွဲ့ (၁) ကလေးများက “Tik Tok” သီချင်းဖြင့်လည်းကောင်း၊ အကအဖွဲ့(၂) ကလေးများက “စဉ်းစားဦးမယ်” သီချင်းဖြင့်လည်းကောင်း၊ အကအဖွဲ့(၃) ကလေးများက “ဖြေးဖြေးပက်” သီချင်းဖြင့်လည်းကောင်း၊ အကအဖွဲ့(၄)ကလေးများက “ဖြေးဖြေးပက်” သီချင်းဖြင့်လည်းကောင်း၊ အကအဖွဲ့ (၅) ကလေးများက “Tik Tok” သီချင်းဖြင့်လည်းကောင်း၊ အကအဖွဲ့(၆)တွင် အကနည်းပြနှင့်ကလေးငယ် များက “Tik Tok” သီချင်းဖြင့် လည်းကောင်း အသီးသီးကပြဖျော်ဖြေခဲ့ကြသည်။

     ထို့နောက် သင်တန်းနည်းပြ ဆရာ၊ ဆရာမများအား မြို့နယ်ပညာ‌ရေးမှူး ဒေါ်ခင်လေးဖြူ၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သိမ့်ဝါ၊ ခရိုင်မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း ကြီးကြပ်ရေးအဖွဲ့ဝင် ဦးစီးအရာရှိ ဒေါ်ဆွေဇင်ဦး၊ မြို့နယ် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဒေါ်မြတ်မြတ်မိုးတို့က မေတ္တာလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ပြီး ကပြဖျော်ဖြေခဲ့သည့် ကလေးငယ်များအား မြို့နယ်ပညာရေးမှူး ဒေါ်ခင်လေးဖြူ၊ မြို့နယ် စားသုံးသူ ရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဒေါ်မြတ်မြတ်မိုးတို့က ဆုငွေ (၁၀၀၀၀)စီ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

    ဆက်လက်၍ ပန်းချီသင်တန်းနည်းပြ ဆရာဦးတင်အောင်မိုးက သင်တန်းသား၊ သင်တန်းသူများအား မဲဖောက်၍ ရေဆေးပန်းချီရုပ်ပုံများ မေတ္တာလက်ဆောင်ပေးအပ်ခဲ့ပြီး သင်တန်းသား၊ သင်တန်းသူ ကလေးငယ်များက အင်္ဂလိပ်စာသင်တန်းနည်းပြဆရာများဖြစ်သည့် အောင်ပြည့်သာ ပညာရေးစင်တာမှ ဆရာမဒေါ်မွန်မွန်ကို၊ ဆရာဝေလျှံဖုန်းကျော်၊ပန်းချီသင်တန်းနည်းပြများဖြစ်သည့် ဆရာဦးတင်အောင်မိုး (မြန်မာနိုင်ငံပန်းချီ၊ ပန်းပုအစည်းအရုံး)နှင့် ဆရာမ ဒေါ်ပြည့်ပြည့်အောင်၊ အကနည်းပြ မဆုလဲ့ရည် တို့အား ကန်တော့ကာ အမှတ်တရစုပေါင်းမှတ်တမ်းတင်ဓါတ်ပုံ ရိုက်ကူးခဲ့ကြောင်းသိရသည်။

      အဆိုပါ အသင်တန်းဆင်းပွဲသို့ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ သင်တန်းနည်းပြဆရာ၊ ဆရာမများ၊ သင်တန်းသား၊ သင်တန်းသူများနှင့် မိဘများ တက်‌‌ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)