ကန့်ဘလူမြို့နယ်တွင် စားသုံးဆီအမျိုးမျိုးအား ကွင်းဆင်းစစ်ဆေး

Powered by Drupal

      စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန ကန့်ဘလူမြို့နယ်တာဝန်ခံရုံးသည် စားသုံးသူများ နေ့စဉ်အသုံးပြုလျက်ရှိသော ကုန်စည်နှင့် ဝန်ဆောင်မှုများနှင့်စပ်လျဉ်း၍ ဘေးအန္တရာယ်ကင်းရှင်းစွာအသုံးပြုနိုင်စေရန်အတွက် သက်ဆိုင်ရာဌာနများနှင့်ပူးပေါင်းကာ ကွင်းဆင်းစစ်ဆေးခြင်းများဆောင်ရွက်လျက်ရှိပါသည်။ ထိုသို့ဆောင်ရွက်ရာတွင် ကန့်ဘလူမြို့၊ အမှတ်(၃)ရပ်ကွက်ရှိ စားသုံးဆီအမျိုးမျိုးရောင်းချသည့်ဆိုင်များအား ကန့်ဘလူမြို့နယ်တာဝန်ခံ ဦးမျိုးဝင်းသန်းနှင့် ဝန်ထမ်း(၁)ဦးတို့သည် (၂၄-၄-၂၀၂၄)ရက်နေ့၌ စားသုံးဆီအမျိုးမျိုးနှင့်စပ်လျဉ်း၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။

      စားသုံးဆီရောင်းချသည့် လုပ်ငန်းရှင်များအနေဖြင့် ဘူးသွင်းစားသုံးဆီများ ဝင်ရောက်မှုနည်းလာသောကြောင့် ခွက်ချင့်စားအုန်းဆီများနှင့် မြေပဲဆီများကိုသာရောင်းချနေရကြောင်း၊ ဈေးကွက်အတွင်းရောင်းချနေသည့် ဘူးသွင်းစားသုံးဆီများတွင် ကုန်အညွှန်အမှတ်အသားများကို ညွှန်ကြားချက်နှင့်အညီ ဖော်ပြထားသည်ကို စိစစ်တွေ့ရှိရကြောင်း၊ ၎င်းနောက် လုပ်ငန်းရှင်များအနေဖြင့် သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်မရှိသောဆီများ၊ တရားမဝင်တင်သွင်းလာသော စားသုံးဆီများကို ရောင်းချခြင်းမပြုလုပ်ရန်ပြောကြားခဲ့ပြီး  ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်းသတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)