ဆိပ်ဖြူမြို့ပေါ်ရှိ စားသုံးဆီရောင်းဝယ်ရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးအသိပညာပေး

Powered by Drupal

      စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှုနှင့် ပခုက္ကူခရိုင်ဦးစီးမှူး၏ကြီးကြပ်မှုဖြင့် ဆိပ်ဖြူမြို့နယ် တာဝန်ခံ ဦးဇော်နေလင်းနှင့် ဒုတိယဦးစီးမှူး ဒေါ်တင်မာရီတို့သည် စားသုံးသူများဘေးကင်းလုံခြုံမှု ရှိစေရေးနှင့် ထုတ်ကုန်များလုံးခြုံ စိတ်ချရမှုရှိစေရေးအတွက် (၂၃.၄.၂၀၂၄)ရက်နေ့၊ နံနက်(၁၀:၀၀) အချိန်တွင် ဆိပ်ဖြူမြို့၊ အနောက်ပိုင်း ရပ်ကွက်ရှိ ဆီထွက်သီးနှံ မြေပဲ၊ နှမ်း ကြိတ်ခွဲထုတ်လုပ် ရောင်းချဖြန့်ဖြူး လျက်ရှိသော“ဓနပြည့်”နှင့် “စိန်သံမဏိ”ဆီစက်များသို့ ရောက်ရှိပြီး စားသုံးဆီများ ကြိတ်ခွဲထုတ်လုပ်ရောင်းချဖြန့်ဖြူးလျက်ရှိသော ဆီစက်လုပ်ငန်းရှင်များနှင့်တွေ့ဆုံ၍ အသိပညာပေး ဆွေးနွေးခဲ့ပါသည်။

      ဆိပ်ဖြူမြို့နယ်တာဝန်ခံ ဦးဇော်နေလင်းက စားသုံးဆီများ ကြိတ်ခွဲထုတ်လုပ်ရောင်းချခြင်းနှင့် ပတ်သက်၍ စားသုံးသူကာကွယ်ရေး(၂၀၁၉)ပါ စီးပွားရေးလုပ်ငန်းရှင်များ၏ တာဝန်များ၊ ကုန်စည် (သို့မဟုတ်)ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ စားသုံးသူများ ဘေးကင်းလုံခြုံစိတ်ချရမှုရှိစေရေးအတွက် စားသုံးဆီ ထုတ်လုပ်ရောင်းဝယ်ရေးလုပ်ငန်းရှင်များမှ ဆီဆိုင်များ ကြိတ်ခွဲထုတ်လုပ်ရာတွင် သန့်ရှင်းသပ်ရပ်စွာဖြင့် ကြိတ်ခွဲထုတ်လုပ်ဆောင်ရွက်ရေး အသိပညာပေးပြောကြားခဲ့ပြီး ပဲဆီ၊ နှမ်းဆီများ၊ ဆီအမျိုးအစားအလိုက် စားသုံးသူများမြင်သာအောင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ရေးသားဖော် ပြပြီးရောင်းချသွားရန်နှင့် အချိန်အတွယ်မှန်ကန်စေရေးနှင့် စားသုံးသူများ ဝယ်ယူသုံးစွဲရာတွင် နစ်နာမှုမရှိစေရေး အသိပညာပေး ဆွေးနွေးဆောင်ရွက်ပြီး စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များ၊ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန်ထားသည့် (၂/၂၀၁၉)နှင့် အညီ ပြည့်စုံစွာဖော်ပြလာစေရေးနှင့် မြန်မာဘာသာဖြင့်ဖော်ပြရမည့် ကုန်ပစ္စည်းအမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်၊ အသားတင်ပမာဏ၊ ထားသိုသိမ်ဆည်းမှုအညွှန်းတို့ကို ထည့်သွင်းဖော်ပြရမည်ဖြစ်ပြီး ကုန်အညွှန်းအမှတ်အသား ပြည့်စုံခြင်းမရှိသော စားသုံးဆီများ ဈေးကွက်အတွင်းရောင်းချသည်ကို စစ်ဆေးတွေ့ရှိပါက စားသုံးသူကာကွယ်ရေးဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပညာပေးဆွေးနွေးပြီး စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)