ကန့်ဘလူမြို့နယ်တွင် စားသုံးသူအသိပညာပေးဟောပြောပွဲဆောင်ရွက်

Powered by Drupal

    စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူမြို့နယ်တာဝန်ခံရုံးသည် စားသုံးသူကာကွယ်ရေးလုပ်ငန်းများကို တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှု၊ ခရိုင်ဦးစီးမှူး၏ ကြီးကြပ်မှုတို့ဖြင့် လစဉ်ဆောင်ရွက်လျက်ရှိကြောင်းသိရှိရပါသည်။

      စားသုံးသူကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် စားသုံးသူများအနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများနှင့်စပ်လျဉ်း၍ အသိပညာဗဟုသုတများကို ကျယ်ကျယ်ပြန့်ပြန့်သိရှိပြီး ကုန်စည်နှင့်ဝန်ဆောင်မှုများကို ဝယ်ယူအသုံးပြုရာတွင် နစ်နာဆုံးရှုံးမှုမရှိစေရေး အသိပညာပေးဟောပြောပွဲများကို လစဉ်ဆောင်ရွက်လျက်ရှိကြောင်း၊ ၂၀၂၄ခုနှစ်၊ ဧပြီလ ၂၂ရက်နေ့တွင် ကန့်ဘလူမြို့နယ်တာဝန်ခံ ဦးမျိုးဝင်းသန်းနှင့် အငယ်တန်းစာရေး ဒေါ်အိမွန်ကျော်တို့သည် ကန့်ဘလူမြို့နယ်မျိုးသန့်ခြံ၌ စားသုံးသူအသိပညာပေးဟောပြောပွဲဆောင်ရွက်ခဲ့ရာ တက်ရောက်လာသူများအား စားသုံးသူကာကွယ်ရေးလုပ်ငန်းများအကြောင်း၊ စားသုံးသူအခွင့်အရေး(၈)ချက်၊ နစ်နာဆုံးရှုံးမှုများရှိခဲ့လျှင် တိုင်ကြားနိုင်သည့်နည်းလမ်းများ စသည်တို့ကိုပြောကြားခဲ့ပြီးနောက် စားသုံးသူအသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)