ဆိပ်ဖြူမြို့နယ်၌ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲ ကျင်းပပြုလုပ်

Powered by Drupal

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊  မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူးနှင့် ပခုက္ကူခရိုင်ဦးစီးမှူးတို့၏လမ်းညွှန်မှုဖြင့် ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ဆိပ်ဖြူမြို့နယ် တာဝန်ခံ ဦးဇော်နေလင်းနှင့် ဝန်ထမ်းသည် (၂၄.၄.၂၀၂၄)ရက်နေ့၊ နံနက်(၀၉:၀၀)နာရီ အချိန်တွင် ဆိပ်ဖြူမြို့၊ အနောက်ပိုင်းရပ်ကွက်၊ အခြေခံပညာအထက်တန်းကျောင်း၊ နဝရတ်ခန်းမ၌ ဖွင့်လှစ်သည့် အခြေပြု ကင်းထောက်သင်တန်းသို့ သွားရောက်၍ စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောပွဲ ကျင်းပ ပြုလုပ်ခဲ့ရာ ဆရာ၊ ဆရာမ(၄)ဦး၊ သင်တန်းသား၊ သင်တန်းသူ (၂၂)ဦး၊ စုစုပေါင်း (၂၆)ဦး တက်ရာက်ခဲ့ပါသည်။

     အဆိုပါအသိပညာပေးဟောပြောပွဲတွင် ဆိပ်ဖြူမြို့နယ် တာဝန်ခံ ဦးဇော်နေလင်းက စားသုံး သူကာကွယ်ရေးဥပဒေပါ စားသုံးသူများ၏ အခွင့်အရေးများ၊ စားသုံးသူများမှ လိုက်နာရမည့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်များ၏ တာဝန်များ၊ တားမြစ်ချက်များနှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ ရည်ရွယ်ချက်များ၊ ယခုဌာနမှ ဆောင်ရွက်သည့်လုပ်ငန်းများအကြောင်းကို ကျယ်တဝင့်ရှင်းလင်းဆွေးနွေး ခဲ့ပါသည်။

      ဆက်လက်၍ ဒုတိယဦးစီးမှူး ဒေါ်တင်မာရီက ဓါတုဆိုးဆေး၊ တာရှည်ခံဆေးနှင့် ပိုးသတ်ဆေး အန္တရာယ်များအကြောင်းနှင့် စားသုံးသူကာကွယ်ရေးဥပဒေ (၂၀၁၉)၊  အခန်း(၁၈)၊ ပုဒ်မ- ၄၁အရ ကုန်စည် များတွင် ကုန်အညွှန်းအမှတ်အသားများပြည့်စုံစွာ ဖော်ပြထားရှိသည့် ကုန်ပစ္စည်းများကိုသာ ရောင်းချရန်နှင့် အသင့်စားမုန့်အမျိုးမျိုးတွင် ကုန်ပစ္စည်းအမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်၊ အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်းနှင့် ဓာတ်မတည့်ကြောင်း ဖော်ပြချက်တို့ကို မြန်မာဘာသာဖြင့် ဖော်ပြရမည့်အပြင် ထုတ်လုပ်သည့်ရက်စွဲနှင့် သက်တမ်းကုန်ဆုံးသည့်ရက်စွဲတို့ကို ကြည့်ရှု့ပြီး ရွေးချယ်ဝယ်ယူ စားသုံးသင့်ကြောင်း အသိပညာပေးဟောပြော ရှင်းလင်းဆွေးနွေးခဲ့ပြီး မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းက ဆရာ၊ ဆရာမများနှင့် သင်တန်းသား၊ သင်တန်းသူများအား စားသုံးသူ ကာကွယ်ရေးဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)