အသိပညာပေး‌ဟောပြောပွဲ ကျင်းပဆောင်ရွက်

Powered by Drupal

     ပြည်ထောင်စုနယ်မြေ ၊ နေပြည်တော်ကောင်စီဦးစီးမှုးရုံးမှ ဦးမြင့်နိုင်(ဦးစီးအရာရှိ) ဦး‌ဆောင်၍ ဝန်ထမ်း(၅)ဦးသည် (၂၃-၄-၂၀၂၄)ရက်နေ့၊ နံနက်(၁၀း၃၀)အချိန်တွင် အေလာမြို့၊ စီးပွားရေး လုပ်ငန်းရှင်တစ်ဦး၏ စက်ရုံတွင် စီးပွားရေးလုပ်ငန်းရှင်များအား စားသုံးဆီ ရောင်းချသူများနှင့် စားသုံးသူပြည်သူများသို့ စားသုံးဆီ (စားအုန်းဆီ)နှင့်ပတ်သက်၍ လျော့ချသုံးစွဲသွားရန် အသိပညာပေး ‌‌ဟောပြောပွဲ ပြုလုပ်ခဲ့ပါသည်။

     အဆိုပါဟောပြောပွဲ၌ ဦးမြင့်နိုင်(ဦးစီးအရာရှိ)က စားသုံးသူပြည်သူများအနေဖြင့် စားအုန်းဆီ စားသုံးမှု များပြားနေသဖြင့် စားအုန်းဆီ၏ ကျန်းမာရေးအကျိုးကျေးဇူးများကို သိစေချင်လိုကြောင်း၊ စားသုံးဆီများတွင် အာဟာရတန်ဖိုး အိုင်အိုဒင်း Value ဆိုတာ ရှိပါကြောင်း၊ အိုင်အိုဒင်းတန်ဖိုး အများ ဆုံးပါသောဆီသည် ကျန်းမာရေးအတွက် အသင့်တော်ဆုံးဆီဖြစ်ပါကြောင်း၊ ကျန်မာရေးဌာနက လူတစ်ဦးအတွက် နေ့စဉ်စားသုံးရန် အာဟာရလိုအပ်မှုမှာ (၂.၅)ကျပ်ဿား စားသုံးရန် ထုတ်ပြန်ထား ပါကြောင်း၊ ပြည်ပမှစားအုန်းဆီများကို လစဉ်တန်ချိန်(၃၅၀၀၀)တင်သွင်းနေသည့်အတွက် နိုင်ငံခြား ငွေ ဒေါ်လာများစွာကို အခြားနိုင်ငံများသို့ ပေးနေရပါကြောင်း၊ ထိုကဲ့သို့ ပေးနေရသည်များကို လျှော့ချရန်အတွက် ပြည်တွင်းမှထွက်ရှိသည့်ဆီထွက်သီးနှံများကို ဦးစားပေး စိုက်ပျိုးပြီး ရရှိလာသော ဆီများ ကို ပြည်သူများစားသုံးရန် နိုင်ငံတော်အနေဖြင့် အလေးထားဆောင်ရွက်နေပါကြောင်း၊ လုပ်ငန်းရှင်များအနေဖြင့်လည်း တန်ဖိုးမြှင့် ထုတ်ကုန်များ ထုတ်လုပ်ရာတွင် စားသုံးသူများအတွက် ဘေးအန္တရာယ်ကင်းရှင်းပြီး အရည်အသွေး စံချိန်စံနှုန်းနှင့် ကိုက်ညီသော စားသုံးဆီများကို ထုတ်လုပ် နိုင်ရန် နိုင်ငံတော်မှ အားပေးလျက်ရှိပါကြောင်း ပြောကြားခဲ့ပါသည်။

   ထို့နောက် တက်ရောက်လာသော စီးပွားရေးလုပ်ငန်းရှင်းများအား မေးမြန်းလိုသည်များရှိပါက မေးမြန်းလိုကြောင်း ဖိတ်ခေါ်ခဲ့ရာ မေးမြန်းလိုခြင်းမရှိသည့်အတွက် ‌‌ဟောပြောပွဲကို နံနက်(၁၁း၀၀) နာရီအချိန်တွင် ပြီးမြောက်ခဲ့ပြီး စီးပွားရေး လုပ်ငန်းရှင် (၂၀)ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပြည်ထောင်စုနယ်မြေ)