ကျိုက်ထိုမြို့နယ်တွင် ကလေးအသုံးအဆောင်ပစ္စည်းများအား စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

Powered by Drupal

 မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများသည် ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများနှင့် ပူးပေါင်း၍  ကျိုက်ထိုမြို့နယ် တွင် ကလေးအသုံးအဆောင်ပစ္စည်းများအား စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းကို ၂၆.၄.၂၀၂၄ ရက်နေ့တွင် မြိုနယ်အတွင်း ကွင်းဆင်းစစ်‌ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် စားသုံးသူရေးရာဦးစီးဌာနမှ ၀န်ထမ်းများ နှင့် ပူး‌ပေါင်းအဖွဲ့သည် ကျိုက်ထိုမြို့နယ်အတွင်း၌ ကလေးအသုံးအဆောင်ပစ္စည်းများ ရောင်းချလျက်ရှိသော စတိုးဆိုင်များအား စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ရာ ကုန်ညွှန်းအမှတ်အသားဖော်ပြချက်များနှင့် ကိုက်ညီမှုရှိ/မရှိ၊ ဘေးအန္တရာယ် ဖြစ်နိုင်ချေရှိ/မရှိ၊ ကလေးကစားစရာကုန်ပစ္စည်းတစ်မျိူးခြင်းအလိုက် ဘေးအန္တရာယ်ဖြစ်နိုင်မှု အခြေအနေ၊ ကုန်ညွှန်းအမှတ်အသားမပြည့်စုံမှုနှင့် ကြိုတင်သတိပေးထားခြင်းမရှိသော ကုန်စည်များအား ရောင်းချခြင်းမပြုရန် အသိပညာပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

ဇော်ဦး(ကျိုက်ထို)