ကျိုက်လတ်မြို့နယ်တွင် စက်သုံးဆီအရောင်းဆိုင်များအား တာဝန်ရှိသူများနှင့်ကွင်းဆင်းခြင်း

Powered by Drupal

     ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့သည် ၂၀၂၄ခုနှစ်၊ ဧပြီလ(၁၀)ရက်နေ့၊ နံနက်(၁၁:၀၀)နာရီအချိန်တွင် ဌာနဆိုင်ရာပူးပေါင်းအဖွဲ့ဖြင့် စက်သုံးဆီအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။

      အဆိုပါကွင်းဆင်းစစ်ဆေးခြင်းကို မြို့နယ်တရားမဝင် စက်သုံးဆီအရောင်းဆိုင်များ တားဆီးစစ်ဆေးရေးအဖွဲ့ခေါင်းဆောင်ကိုယ်စား မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး  ဦးမိုးမင်းသန်းဦးဆောင်၍ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးဦးစီးဌာနနှင့်     သက်ဆိုင်ရာဌာနများက စစ်ဆေးကြရာတွင် စက်သုံးဆီများရောင်းချမှုရပ်တန့်မှုမရှိစေရေး၊ မှောင်ခိုဈေးကွက်မဖြစ်ပေါ်စေရေး၊ သတ်မှတ်ရည်ညွှန်းဈေးနှုန်းများအတိုင်း ရောင်းချစေရေး၊ ဈေးနှုန်းများမြှင့်တင်ရောင်းချပါက အပြစ်ပေးအရေးယူမှုများဆောင်ရွက်နိုင်ရေး၊ စက်သုံးဆီပြတ်လပ်မှုမရှိစေရေးနှင့် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် လိုက်နာဆောင်ရွက်ရမည့်အချက်များကို ဆွေးနွေးမှာကြားခဲ့ကြကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)