စားသုံးသူရေးရာဦးစီးဌာန(ဘီးလင်း)နှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (ဘီးလင်း)တို့ ပူးပေါင်း၍ အသိပညာပေး (Talk Show) ဟောပြောဆွေးနွေးခြင်း

Powered by Drupal

             မွန်ပြည်နယ်၊  ဘီးလင်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံရုံးမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် (၂၅.၄.၂၀၂၄) ရက်နေ့တွင် ဘီးလင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပူးပေါင်း၍ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(ဘီးလင်း)ခန်းမတွင် ဘေးအန္တရာယ်ရှိသော ကုန်စည်ကို ဈေးကွက်အတွင်းမှ ပြန်လည်သိမ်းဆည်းစေခြင်း(သို့မဟုတ်)ရောင်းချဖြန့်ဖြူးခြင်းကို တားမြစ်ခြင်းနှင့် ဘေးအန္တရာယ်ရှိသော ဝန်ဆောင်မှုကို တားမြစ်ခြင်းဆိုင်ရာ အသိပညာပေး Talk Show ဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခဲ့ပါသည်။

             အဆိုပါဆွေးနွေးပွဲတွင် ဘီးလင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အေးမျိုးမျိုးစံမှ “Talk Show” အစီအစဉ်ကျင်းပရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာန ဘီးလင်းမြို့နယ်တာဝန်ခံမှ စားသုံးသူကာကွယ်ရေး ဥပဒေပါပြဌာန်းချက်အရ ဘေးအန္တရာယ်ရှိသော ကုန်စည်ကို ဈေးကွက် အတွင်းမှ ပြန်လည်သိမ်းဆည်းစေခြင်း (သို့မဟုတ်) ရောင်းချခြင်းကို တားမြစ်ခြင်းနှင့် ဘေးအန္တရာယ်ရှိသော ဝန်ဆောင်မှုကို တားမြစ်ခြင်းများနှင့် ပတ်သက်၍ ဆောင်ရွက်ပုံ အဆင့်ဆင့်၊ စားသုံးသူကာကွယ်ရေး ဥပဒေပုဒ်မ-၃၀၊ ၃၁၊ ၃၂၊ ၃၃၊ ၃၄ ဆိုင်ရာ သိကောင်းစရာ များ၊ ဥပဒေပုဒ်မ-၃၇၊ ၃၈၊ ၃၉ တို့အရ နစ်နာဆုံးရှုံးမှုအတွက် စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်ယူဆောင်ရွက်ပေးရမည့် အချက်များအား အကျယ်တဝင့် ဆွေးနွေးဟောပြောခဲ့ကြောင်း သတင်းရရှိပါသည်။

နော်အေးမို့မို့(ဘီးလင်း)