စားသုံးသူရေးရာဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးတွင် လုပ်ငန်းညှိနှိုင်းအစည်းအ‌ဝေးနှင့် ဝန်းထမ်းထု ဆန္ဒဖော်ထုတ်ပွဲ (ဒါဘာ) အခမ်းအနားကျင်းပပြုလုပ်

Powered by Drupal

    တနင်္သာရီတိုင်းဒေသကြီး ၊ ထားဝယ်မြို့၊  စားသုံးသူ ရေးရာဦးစီးဌာန၊  တိုင်းရုံး၌(၂၅-၃-၂၀၂၄)နေ့၊ နေ့လယ်(၁၄း၀၀)ချိန်တွင် လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် ဝန်းထမ်းထုဆန္ဒဖော်ထုတ်ပွဲ(ဒါဘာ)အား (Virtual)စနစ်ဖြင့် ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဦးစီးမှူးရုံးမှ ဝန်ထမ်းများ၊ မြိတ်ခရိုင်ရုံးဝန်ထမ်းများ၊ ကော့သောင်းခရိုင်ရုံးဝန်ထမ်းများ  စုစုပေါင်း(၂၃)ဦး တက်ရောက်ခဲ့ပါသည်။ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် တိုင်းဦးစီးမှူးဦးစိုးဦးမှ ဝန်းထမ်းများအားရုံးချုပ်၏ လမ်းညွှန်းချက်များအား ပြောကြား၍ သက်ဆိုင်ရာခရိုင်ဦးစီးမှူးများက မိမိတို့ဆောင်ရွက်နေသော လုပ်ငန်းများ၏ ဆောင်ရွက်ချက်များအား တင်ပြခဲ့ရာ တိုင်းဒေသကြီးဦးစီးမှူးမှခရိုင်များတွင် ဆက်လက်ဆောင်ရွက်ရမည့်လုပ်ငန်းများအား ဒေသအာဏာပိုင်၊အသင်းအဖွဲ့များနှင့် မိမိတို့ဝန်ထမ်းများမှ ပေါင်းစပ်ဆောင်ရွက်သွားရန် မှာကြားခဲ့ပါသည်။

    ဒုတိယပိုင်းအနေဖြင့် ဝန်ထမ်းထုဆန္ဒဖော်ထုတ်ပွဲ (ဒါဘာ) အစည်းအဝေးအား ဆက်လက်ကျင်းပခဲ့ပြီး သက်ဆိုင်ရာခရိုင်များရှိ ဝန်ထမ်းများမှ လိုအပ်ချက်များအား တင်ပြခဲ့ရာ တိုင်းဦးစီးမှူးက လိုအပ်သည်များကို ညှိနှိုင်းဖြေရှင်းဆောင်ရွက်ပေးခဲ့ပြီး အစည်းအ‌‌ဝေးအား နေ့လယ်(၁၅း၀၀)တွင် ပြီးမြောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(တနင်္သာရီ)