ဆန်စပါးလုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးခြင်း

Powered by Drupal

            ပဲခူးတိုင်းဒေသကြီး ပဲခူးခရိုင် သနပ္ပင်မြို့နယ် (၂၅.၄.၂၀၂၄) ရက်နေ့ နံနက် (၀၉:၀၀) နာရီ တွင် သက်ဆိုင်ရာဌာနဆိုင်ရာများဖြစ်ကြသော မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံး၊ မြို့နယ် ပြန်ကြားရေး နှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် တိုင်းစားသုံးသူရေးရာဦးစီးဌာန တို့မှ တာဝန်ရှိသူများက သွားရောက်၍ ဆန်စပါးလုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ခဲ့ ပါသည်။

            အဆိုပါတွေ့ဆုံဆွေးနွေးပွဲတွင် တိုင်းဒေသကြီးစားသုံးသူရေးရာဦးစီးဌာနမှ ဦးစိုးမိုး (ဦးစီးအရာရှိ) က ဆန်/စပါးစီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် မိမိတို့ သိုလှောင်ရုံများကို အမြန်ဆုံး မှတ်ပုံတင်ထားရှိထားနိုင်ရေးနှင့် ပတ်သက်သည့်လုပ်ငန်းဆောင်တာများ ရှင်းလင်း ပြောကြား၍ အခက်အခဲဖြစ်ပေါ်ပါက ကူညီဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်းနှင့် ဈေးကွက် အတွင်း ရောင်းချနေသော ဆန်နှင့် ဆန်ထွက်ပစ္စည်းများ၏ ဈေးကွက်ဈေးနှုန်း အခြေအနေ၊ မြို့နယ်အလိုက် သယ်ယူခ နှုန်းထားတို့ကို လေ့လာမေးမြန်း၍ တက်ရောက်လာသည့် စီးပွား‌ရေး လုပ်ငန်းရှင်များ၏ မေးမြန်းချက်များအား ပြန်လည်ဆွေးနွေးခြင်းများ ပြုလုပ်ခဲ့ကြောင်းနှင့် အဆိုပါတွေ့ဆုံဆွေးနွေးပွဲသို့ စီးပွားရေး လုပ်ငန်းရှင် (၁၁) ဦးတက်ရောက်ကြောင်းသိရှိရပါသည်။

စားသုံးသူရေးရာဦးစီးဌာန

တိုင်းရုံး