ဈေးကွက်အတွင်းစားသုံးဆီရောင်းချမှုများအား ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

            စားသုံးသူ‌ရေးရာဦးစီးဌာန ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ ဦးစိုးမိုး (ဦးစီးအရာရှိ) နှင့် ဦးစိုးဝင်း (ဒု-ကြီးကြပ်ရေးမှူး) တို့သည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူတို့နှင့် ပူးပေါင်းကာ (၂၄.၄.၂၀၂၄ )ရက်နေ့ နံနက်ပိုင်းတွင်  ပဲခူးခရိုင် သနပ္ပင်မြို့နယ် စည်ပင်သာယာဈေး အတွင်းရှိ စားသုံးဆီ ရောင်းချမှုပြုလုပ်နေသော ကုန်စုံဆိုင်များသို့ ဈေးကွက်စောင့်ကြည့် စစ်ဆေး ခြင်းများ ပြုလုပ်ခဲ့ပါသည်။

            အဆိုပါတာဝန်ရှိသူများသည် ဈေးကွက်အတွင်း စားသုံးဆီရောင်းချသည့် ကိုယ်စားလှယ် များသည် ပြည်သူများထံသို့ စားသုံးဆီရောင်းချရာတွင် သတ်မှတ်ရည်ညွှန်းဈေးဖြင့် ရောင်းချရေး၊ သတ်မှတ်ဈေးနှုန်းရေးဆွဲထားသည့် ဗီနိုင်းများအား နေ့စဉ်ချိတ်ဆွဲရောင်းချနိုင်ရေးနှင့် ခွဲတမ်းရရှိ သည့် ဆီပမာဏကိုလည်း ပြည်သူများထံအပြည့်အဝရောင်းချနိုင်ရေးကို အသိပညာပေး ရှင်းလင်း ပြောကြားခဲ့၍ ဈေးကွက်အတွင်းရောင်းချနေသော စားသုံးဆီအမျိုးမျိုး တို့တွင်လည်း စားသုံးသူ ကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာပါဝင်မှုရှိ/မရှိ ကို ကွင်းဆင်း စစ်ဆေး၍ အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

စားသုံးသူရေးရာဦးစီးဌာန

တိုင်းရုံး