စားသုံးသူကာကွယ်ရေးဆိုင်ရာ Talk Show အစီအစဉ်ဖြင့် အသိပညာပေးခြင်းပြုလုပ်

Powered by Drupal

             စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး ပဲခူးခရိုင်ဦးစီးမှူးရုံးမှ ဦးစိုးဝင်း(ဒု-ကြီးကြပ်ရေးမှူး)သည် (၂၅.၄.၂၀၂၄) ရက်နေ့ နံနက်ပိုင်း (၁၀:၀၀) နာရီတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးရုံးတွင် စားသုံးသူကာကွယ်ရေးဆိုင်ရာများ Talk Show အစီအစဉ်ဖြင့် အသိပညာပေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

             Talk Show အစီအစဉ်ဖြင့် အသိပညာပေးခြင်း ပြုလုပ်ရာတွင် ဦးစိုးဝင်း(ဒု-ကြီးကြပ်ရေး မှူး) သည် စားသုံးသူကာကွယ်ရေးဥပဒေတွင် ကုန်စည်များ၏ ကုန်အညွှန်းအမှတ်အသား ဖော်ပြရန် ပြဌာန်းချက်များ၊ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြထားခြင်းမရှိသော ကုန်စည်များကို ရောင်းချခြင်းမပြရန် တားမြစ်ချက်များ၊ တားမြစ်ချက်များကို ဖောက်ဖျက် ကျူးလွန်ပါက အရေးယူဆောင်ရွက်သွားမည့် ပြစ်မှု၊ ပြစ်ဒဏ်များကို လည်းကောင်း၊ ကုန်အညွှန်း အမှတ်အသား၏ အရေးကြီးပုံများ၊ စားသုံးသူများအနေဖြင့် ကုန်စည်များ ဝယ်ယူရာတွင် ကုန်အညွှန်းအမှတ်အသားများကို ဖတ်ရှုရန်၊ ကုန်အညွှန်းအမှတ်အသား ဖော်ပြချက်နှင့် အညီ လိုက်နာဆောင်ရွက်ရန်နှင့် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းမရှိသော ကုန်စည်များကို ဝယ်ယူသုံးစွဲခြင်း မပြုသင့်ပုံများကို ရှင်းလင်းပြောကြားခဲ့ပါသည်။

စားသုံးသူရေးရာဦးစီးဌာန

တိုင်းရုံး