“ တွံတေးမြို့နယ်၌ စားသုံးသူ ကာကွယ်ရေးနှင့်စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲ အခမ်းအနားကျင်းပခြင်း ”

Powered by Drupal

              ရန်ကုန်တိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ တောင်ပိုင်းခရိုင်ဦးစီးမှူးရုံး လက်အောက် ရှိ တွံတေးမြို့နယ်၌ စားသုံးသူရေးရာဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန တို့ပူးပေါင်း၍ စားသုံးသူပြည်သူများအား စားသုံးသူကာကွယ်ရေး အသိပညာပေးရေးလုပ်ငန်းနှင့် စာဖတ်ရှိန်မြှင့်တင်ရေး လုပ်ငန်းတို့ကို စဉ်ဆက်မပြတ်ဆောင်ရွက်လျှက်ရှိရာ ဧပြီလ(၂၄)ရက်နေ့၊ နံနက်(၁၀:၃၀)အချိန်တွင် တွံတေးခရိုင်၊ တွံတေးမြို့နယ်၊ မငေးအလယ်ကျေးရွာရှိ ကျေးရွာ စာကြည့်တိုက်၌ ကွင်းဆင်းအသိပညာပေး ဟောပြောခဲ့ကြောင်း သိရပါသည်။

         ထိုသို့ ကွင်းဆင်းအသိပညာပေးဟောပြောရာတွင် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ် တာဝန်ခံ ဦးအာကာမင်းမှ စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းစေရေးနှင့် ထုတ်ကုန်များ လုံခြုံစိတ်ချမှုရှိစေရေးတို့ အတွက် စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်း ရှင်များ၏တာဝန်များ၊ ကုန်စည်များတွင် ဖော်ပြပါရှိရမည့်ကုန်အညွှန်း အမှတ်အသား ဖော်ပြရာ တွင် မဖြစ်မနေမြန်မာဘာသာဖြင့်ဖော်ပြပါရှိရမည့် အချက်အလက်များ၊ စားသုံးသူအမှန်တကယ် နစ်နာဆုံးရှုံးမှုများရှိလာပါက တိုင်ကြားနိုင်မည့်နည်းလမ်းများ၊ စားသုံးသူပြည်သူများအနေဖြင့် မြန်မာဘာသာဖြင့်ဖော်ပြပါရှိသည့် စားသောက်ကုန်ပစ္စည်းများကိုသာ ကြည့်ရှုစစ်ဆေးပြီးမှ ဝယ်ယူသုံးစွဲကြရန်၊ ဆိုးဆေးအများအပြားသုံးစွဲထားသော အစားအသောက်များအား ဝယ်ယူ သုံးစွဲခြင်းမပြုကြရန် ဈေးကွက်အတွင်းကုန်စည်များအား ဈေးကွက်စောင့်ကြည့်ကွင်းဆင်း စစ်ဆေး ခြင်းလုပ်ငန်းများကို မိမိတို့ဌာနအနေဖြင့် စဉ်ဆက်မပြတ်ဆောင်ရွက်လျှက်ရှိကြောင်း အသိပညာပေးဟောပြော ဆွေးနွေးခဲ့ပြီး တွံတေးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာနမှ ဒုတိယဦးစီးမှူးဦးမျိုးလှိုင်မှ ပြည်သူများအနေဖြင့် အသိပညာဗဟုသုတတိုးပွားစေရန် ရည်ရွယ်၍ ပြည်သူ့ စာကြည့်တိုက် Online page မှတဆင့် စာအုပ်မိတ်ဆက်၊ ပုံပြောခြင်း၊ စာအုပ်များဌားရမ်းပေးခြင်း၊ စာအုပ်များနှင့် စာပေများကို လေ့လာဖတ်ရှုကြရန် ၎င်းတို့အား ဖတ်ရှုခြင်းကြောင့် ကိုယ်တိုင်စဉ်းစားတွေး ခေါ်အမြှော်အမြင်များ ရရှိလာခြင်း၊ ဘေးကင်း လုံခြုံစိတ်ချရသော အစားအသောက်များကို ရွေးချယ်ဝယ်ယူ စားသောက်နိုင်မည်ဖြစ်ကြောင်း စသည့် အသိပညာပေးခြင်းများ ရှင်းလင်းပြောကြားခဲ့ကြောင်း သိရပါသည်။

DOCA(ရန်ကုန်)