“ ကော့မှူးမြို့နယ်၌ စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲ အခမ်းအနားကျင်းပခြင်း ”

Powered by Drupal

           ရန်ကုန်တိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တောင်ပိုင်းခရိုင်ဦးစီးမှူးရုံး၏ လမ်းညွှန်ချက်အရ စားသုံးသူပြည်သူများ စားသုံးသူကာကွယ်ရေးအသိပညာပေးခြင်းလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်လျှက်ရှိရာ ဧပြီလ(၂၅)ရက်နေ့၊ နေ့လယ်(၁၀:၃၀)အချိန်တွင် တွံတေးခရိုင်၊ ကော့မှူးမြို့နယ်၊ မကျီးကန်ရပ်ကွက်ရှိ  ရပ်ကွက်ဓမ္မာရုံတွင် စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောပွဲ အခမ်းအနားကျင်းပခဲ့ကြောင်း သိရသည်။

            ထိုသို့ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲအခမ်းအနားတွင် စားသုံးသူရေးရာ ဦးစီးဌာန မှ မြို့နယ်တာဝန်ခံဦးတင်မင်းက စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရေးနှင့် ထုတ်ကုန်များ လုံခြုံစိတ်ချရမှုရှိစေရေးတို့အတွက် စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေး လုပ်ငန်းရှင်များ၏ တာဝန်များ၊ ကုန်စည်နှင့်ဝန်ဆောင်မှုဆိုင်ရာအချက်များ၊ ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားဖော်ပြ ရာတွင် မြန်မာဘာသာဖြင့် မဖြစ်မနေရေးသား ဖော်ပြပါရှိရမည့် အချက်များ၊ စားသုံးသူများအမှန်တကယ် နစ်နာဆုံးရှုံးမှုရှိလာပါက တိုင်ကြားနိုင်သည့်နည်းလမ်းများ၊ ဈေးကွက်အတွင်းကုန်စည်များအား စားသုံးသူ ပြည်သူများဝယ်ယူသုံးစွဲရာတွင် နစ်နာဆုံးရှုံးမှုများ မဖြစ်ပေါ်နိုင်ရေးအတွက် ဈေးကွက်စောင့်ကြည့်ကွင်းဆင်း စစ်ဆေးခြင်းလုပ်ငန်းများကို မိမိတို့ ဌာနအနေဖြင့် စဉ်ဆက်မပြတ်ဆောင်ရွက်လျှက်ရှိကြောင်း Online မှ ကြော်ငြာပြီး ရောင်းချလျှက်ရှိသည့် အလှကုန်နှင့်လူသုံးကုန်ပစ္စည်းအမျိုးမျိုးတို့အား ဝယ်ယူအသုံးပြုရာတွင် အာမခံချက်ရှိသော သက်ဆိုင်ရာ ဌာနများတွင် တရာဝင်မှတ်ပုံတင်ထားသော Online Shopping များမှ ဝယ်ယူသုံးစွဲကြရန် စားသုံးသူ ကာကွယ်ရေး အသိပညာပေးဟောပြောဆွေးနွေးခဲ့ကြောင်း သိရသည်။

DOCA(ရန်ကုန်)