ပြည်တွင်းကုန်သွယ်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းရှင်နှင့်တွေ့ဆုံဆွေးနွေး

Powered by Drupal

           စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများသည် ဌာန၏ပင်မလုပ်ငန်းဖြစ်သော စားသုံးသူ ကာကွယ်ရေး အသိပညာပေးဆွေးနွေးခြင်း၊ စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်နေရုံသာမက ပြည်တွင်းကုန်သွယ်မှုကဏ္ဍဖွံ့ဖြိုးတိုး တက်စေရေးအတွက် ဒေသအတွင်းရှိ အသေးစား၊ အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းရှင်များ အား ကွင်းဆင်းတွေ့ဆုံပြီး လုပ်ငန်းရှင်များ၏ ထုတ်လုပ်မှု၊ အခက်အခဲများအား ရင်းနှီးပွင့်လင်းစွာ မေးမြန်းကူညီဆောင်ရွက်ပေး လျက်ရှိပါသည်။

          (၂၅.၄.၂၀၂၄)ရက်နေ့၊ နံနက်(၁၁:၃၀)နာရီ အချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မင်းဘူးခရိုင် ဦးစီးမှူးရုံးမှ ဝန်ထမ်းများနှင့် ပွင့်ဖြူမြို့နယ်တာဝန်တို့သည် ပွင့်ဖြူမြို့နယ်၊ ရှောက်တော (ဥယျာဉ်ကျစ်) ကျေးရွာမှ ထုတ်လုပ်သော ငြိမ်းမုန့်မျိုးစုံလုပ်ငန်းရှင် ဦးဝင်းနိုင်ဦးနှင့်တွေ့ဆုံပြီး လုပ်ငန်းအခြေအနေ များအား မေးမြန်ခဲ့ပါသည်။

          ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် “ငြိမ့်” အမှတ်တံဆိပ်ဖြင့် ပေါင်မုန့်၊ ဒါးလှီးမုန့်တို့ ထုတ်လုပ် ကြောင်းနှင့် ထွက်ရှိလာသော မုန်များအား အနီးပတ်ဝန်းကျင်ရှိ ကျေးရွာများသို့ ဖြန့်ချီကြောင်းသိရှိရပြီး ဌာနမှ သတ်မှတ်ထားသော ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာထည့်သွင်း ဖော်ပြပေးလာ စေရေးနှင့် စည်ပင်လုပ်ငန်းလိုင်စင်နှင့် အသေးစားလုပ်ငန်းလိုင်စင်များရရှိရေး ချိတ်ဆက်ကူညီပေးသွား မည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

ကြူကြူလှိုင်(မင်းဘူး)