မင်းဘူးမြို့နယ်အတွင်းရှိ ဆီစက်လုပ်ငန်းရှင်များအား အသိပညာပေး

Powered by Drupal

            စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်ဦးစီးမှူးရုံး၌ (၂၄.၄.၂၀၂၄)ရက်နေ့ နံနက်(၁၁:၀၀)နာရီအချိန်တွင် ခရိုင်ဦးစီးမှူး၊ မင်းဘူးမြို့နယ်တာဝန်ခံနှင့် အစားအသောက်နှင့်ဆေးဝါး ကွပ်ကဲရေးဦးစီးဌာန တိုင်းတာဝန်ခံမှ မြို့နယ်အတွင်းရှိ ဆီစက်လုပ်ငန်းရှင်များအား ခေါ်ယူတွေ့ဆုံပြီး အသိပညာပေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ အသိပညာပေးရာတွင် မင်းဘူးခရိုင်ဦးစီးမှူးမှ ဆီလုပ်ငန်းရှင်များအား မိမိတို့ဘူးသွပ် ရောင်းချနေသော စားသုံးဆီများတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာထည့်သွင်းနိုင်ရေးနှင့် အစား အသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန တိုင်းတာဝန်ခံမှ FDA၏ ထောက်ခံချက်လျှောက်ထားရာတွင် လိုအပ်သော အချက်များဖြစ်သော ကုန်အမှတ်တံဆိပ်၊ အမှတ်တံဆိပ်မှတ်ပုံတင်၊ ထုတ်လုပ်ပုံအဆင့်ဆင့်၊ အရည်အသွေးထိန်းသိမ်းပုံ၊ စက်ရုံအခန်းဖွဲ့စည်းပုံ၊ အီးလ်မေးလိပ်စာများ ပါဝင်ရန်လိုအပ်ကြောင်း အသေးစိပ်ရှင်းလင်းဆွေးနွေးခဲ့ပြီး တက်ရောက်လာကြသော ဆီစက်လုပ်ငန်းရှင်များမှ သိလိုသည်များ အား မေးမြန်းခဲ့မှုအပေါ် တိုင်းတာဝန်ခံမှ ပြန်လည်ဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။

 မြင့်ကြည်(မင်းဘူး)