ပွင့်ဖြူမြို့၊ အရှေ့ပိုင်းရပ်ကွက်ရှိ အိမ်တွင်းတစ်ပိုင်တစ်နိုင် "လာဘ်ပွင့်" ပေါင်မုန့်ဆီကြော်လုပ်ငန်းအား ကွင်းဆင်းလေ့လာခြင်း

Powered by Drupal

            စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်တာဝန်ခံ ဒုတိယ ဦးစီးမှူးဒေါ်ဌေးဌေးဝင်းသည် MSMEs လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန်အတွက်(၂၆.၄.၂၀၂၄)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ပွင့်ဖြူမြို့အရှေ့ပိုင်းရပ်ကွက်ရှိ မိသားစု တစ်ပိုင်တစ်နိုင်လုပ်ကိုင်လျက် ရှိသော “လာဘ်ပွင့်”ပေါင်မုန့် ဆီကြော်လုပ်ငန်းသို့ သွားရောက် ကွင်းဆင်းလေ့လာခဲ့ပါသည်။

          “လာဘ်ပွင့်”ပေါင်မုန့် ဆီကြော် လုပ်ငန်းလုပ်ကိုင်သူ ဦးသန်းထိုက်ဦးသည် ပေါင်မုန့်ဆီကြော် လုပ်ငန်းအား မိသားစုတစ်နိုင်တစ်ပိုင် လုပ်ကိုင်လာသည်မှာ (၁)နှစ်နီးပါးရှိပြီးဖြစ်ပါကြောင်း၊ ပွင့်လင်း ရာသီရောက်ရှိပြီဖြစ်ပါသဖြင့် တစ်နေ့လျှင် ဂျုံ(၂၄)ပြည်တစ်အိတ်နှင့် သကြား(၃၀)ပိဿာဝင်(၂)အိတ် ကုန်ပါကြောင်း၊ ဂျုံတစ်အိတ်လျှင် ကျပ်(၁၃၂၀၀၀ မှ ၁၃၅၀၀၀)၊ သကြား တစ်အိတ်လျှင် ကျပ်(၁၄၅၀၀၀ မှ ၁၄၈၀၀၀)၊ ကြက်ဥ(၁)လုံးလျှင် ကျပ်(၂၅၀)ဖြင့် အလုံး(၃၀)အတွက် ကျပ်(၇၅၀၀)ဖြင့် ဝယ်ယူ ရကြောင်း၊ ပေါင်မုန့်ပြုလုပ်ရာတွင် ဂျုံ၊ ကြက်ဥနှင့် ဆားစသည်များထည့်၍ သမအောင်စက်ဖြင့် နယ်ပါကြောင်း၊ ၎င်းနယ်ပြီး ဂျုံသားများအား နာရီဝက်ခန့်နှပ်ထားရပြီး နှပ်ထားပြီး ဂျုံသားများအား လက်ဖြင့် ပုံစံပြုလုပ်၍ကြော်ရကြောင်း၊ ဂျုံတစ်အိတ်လျှင် ဆီပိဿာ(၃၀)နှင့် လောင်စာ အတွက် ကျပ်(၅၀၀၀)ကုန်ကျပါကြောင်း၊ ကြော်ပြီးသော မုန့်များအား သကြားရေထဲတွင် (၂)မိနစ်ခန့်စိမ်ပြီး ၎င်းနောက် ပါကင်အထုပ်များ ထုတ်ပါကြောင်း၊ ဂျုံတစ်အိတ်လျှင် (၆)ခုပါ အထုပ်ရေ(၁၀၀၀)မှ (၁၂၀၀)အထိ ထွက်ရှိပါကြောင်း၊ ဆီကြော် မုန့်(၆)ခုပါ တစ်ထုပ်လျှင် ကျပ်(၅၂၀)ဖြင့် ဖောက်သည်ပေးပြီး ပွင့်ဖြူမြို့ပေါ်နှင့် ကျေးရွာများမှ ကုန်စုံဆိုင်များ၊ စလင်း၊ ဆင်ဖြူကျွန်းနှင့်မင်းဘူး၊ စကုမြို့များရှိ ကုန်စုံဆိုင်များအထိ ကိုယ်တိုင်ဆိုင်ကယ်ဖြင့်ပေးပို့ကြောင်း သိရှိရပါသည်။

 ဌေးဌေးဝင်း( ပွင့်ဖြူ)