မြိတ်မြို့ပေါ်ရှိ ကုန်စုံဆိုင်များအားစျေးကွက်စောင့်ကြည့်စစ်ဆေး

Powered by Drupal

       ၂၀၂၄ခုနှစ်၊ ဧပြီလ(၂၅)ရက်နေ့၊ နံနက်(၉း၀၀)နာရီအချိန်တွင် တနင်္သာရီတိုင်းဒေသကြီး ၊ မြိတ်ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှဦးဆောင်၍ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ဖြင့်  မြိတ်မြို့ပေါ်ရှိ ကုန်မျိုးစုံအရောင်းဆိုင်များသို့သွားရောက်၍  ၎င်းတို့ရောင်းချနေသော ကုန်စည်များမှ အာဟာရဖြည့် စွက်စာအမျိုးမျိုးတွင် ကုန်အညွှန်းအမှတ်အသားဖော်ပြပါဝင်မှုရှိ/မရှိ စျေးကွက်စောင့်ကြည့် စစ်ဆေး ခဲ့ကြပါသည်။

      ထိုသို့စျေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် စစ်ဆေးခဲ့သောကုန်စည်များသည် ကုန်အညွှန်း အမှတ်အသားပြည့်စုံစွာပါဝင်နေပြီး စားသုံးသူကာကွယ်ရေးအနေဖြင့် ဘေးအန္တရာယ်ကင်းသော ကုန်စည်များရောင်းချစေရန်၊ ကုန်အညွှန်းအမှတ်အသားဖော်ပြပါရှိသော ထုတ်ကုန်များသာ ရွေးချယ် ရောင်းချစေရန်နှင့် သုံးစွဲရန်ခွင့်ပြုထားသော ထောက်ခံချက်ပါရှိသည့်စားသောက်ကုန်များသာ ရောင်း ချစေရန် ပြောကြားခဲ့ပြီး လက်ကမ်းစာစောင်ဖြန့်ဝေ ပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)