ကုန်မျိုးစုံရောင်းဝယ်ရေးလုပ်ငန်းရှင်နှင့်တွေ့ဆုံဆွေးနွေး အသိပညာပေး

Powered by Drupal

      စီပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူဌာနခွဲတာဝန်ခံ ဦးစီးအရာရှိ ဒေါ်ခိုင်မို့မို့နှင့်ဝန်ထမ်းများသည်  (၂၅-၄-၂၀၂၄)ရက်နေ့၊ နံနက် (၁၀း၀၀) နာရီအချိန်တွင် မုံရွာမြို့၊ ချမ်းမြဝတီရပ်ကွက်သို့သွားရောက်၍  “အောင်ဇမ္ဗူ” ကုန်မျိုးစုံရောင်းဝယ်ရေးလုပ်ငန်းရှင် ဒေါ်စန်းစန်းကြည်နှင့်တွေ့ဆုံ၍ အသိပညာပေးဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။

     ထိုသို့အသိပညာပေးရာတွင် လုပ်ငန်းရှင်အား မိမိတို့အနေဖြင့် ကုန်အညွှန်းအမှတ်အသားပြည့်စုံသော ကုန်ပစ္စည်းများကိုသာရောင်းချရန်၊ ပေါင်မုန့်အစို၊ ကိတ်မုန့်များရောင်းချရာတွင် မှိုတက်ပစ္စည်းမဖြစ်စေရန်အတွက် ခင်းကျင်းရောင်းချသော ကုန်ပစ္စည်းများကို သန့်ရှင်းသပ်ရပ်စွာထားရှိရန်၊ တစ်ဆင့်ရောင်းချသောလုပ်ငန်းရှင်နှင့် ထုတ်လုပ်သောလုပ်ငန်းရှင်များသည် စားသုံးသူကာကွယ်ရေးဥပဒေပါ  အခန်း(၁၈) ကုန်အညွှန်းအမှတ်သားများပြည့်စုံစွာပါရှိရေးနှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းအကြောင်းများ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)ပါအကြောင်းများ၊ အသင့်စားမုန့်အမျိုးမျိုးတွင် ကုန်စည်၏အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်းနှင့် ဓာတ်မတည့်ကြောင်းဖော်ပြချက်တို့ကို မြန်မာဘာသာဖြင့် မဖြစ်မနေဖော်ပြရမည်ဖြစ်ကြောင်း အသိပညာပေးဆွေးနွေးခဲ့ပြီး လုပ်ငန်းရှင်၏ တာဝန်များပါသော အသိပညာပေးလက်ကမ်းစာစောင်ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)