တနင်္သာရီတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့ (၂/၂၀၂၄) လုပ်ငန်းညှိနှိုင်း အစည်းအဝေးအား စားသုံးသူရေးရာဦးစီးဌာန(တွဲဖက်အတွင်းရေးမှူး-၂) မှ တက်ရောက်

Powered by Drupal

             ၂၀၂၄ ခုနှစ်၊ ဧပြီလ ၂၉ရက်နေ့၊ နေ့လယ် (၁၃း၀၀) နာရီအချိန်တွင် တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင်  တိုင်းဒေသကြီးတရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့  ( ၂ / ၂၀၂၄ ) လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား ကျင်းပပြုလုပ်ခဲ့ပါသည်။

          အစည်းအဝေးတွင် တိုင်းဒေသကြီးတရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့(ဥက္ကဌ) လုံခြုံ ရေးနှင့်နယ်စပ်ရေးရာဝန်ကြီးမှ  အဖွင့်အမှာစကားပြောကြား၍  (ဒုဥက္ကဌ) စီးပွားရေးရာဝန်ကြီး၊  အတွင်း ရေးမှူးတို့မှ  ဆွေးနွေးပြောကြားကာ  တက်ရောက်လာသူ တိုင်းအဆင့်ဌာနဆိုင်ရာ  (၂၁)  ဦးတို့မှ   ဆွေး နွေးပြောကြားခဲ့ပြီး  ဥက္ကဌမှ  နိဂုံးချုပ်အမှာစကားပြောကြားကာ  အစည်းအဝေးအား နေ့လယ် (၁၅း၀၀) နာရီအချိန်တွင် ပြီးမြောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)