“ပြင်ဦးလွင်မြို့နယ်အတွင်းရှိ စားသုံးဆီရောင်းဝယ်သည့်လုပ်ငန်းရှင်များနှင့်တွေ့ဆုံဆွေးနွေး”

Powered by Drupal

          မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်တွင် (၂၆-၄-၂၀၂၄)ရက်နေ့ ၊ နံနက်(၁၀:၀၀) နာရီအချိန်၌ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနအစည်းအဝေးခန်းမတွင် မြို့နယ်အတွင်းရှိစားသုံးဆီ လက်လီ၊လက်ကားရောင်းချ ဖြန့်ဖြူးနေသော စားသုံးဆီလုပ်ငန်းရှင်များနှင့် မန္တလေးတိုင်းဒေသကြီး အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA) ၊ စားသုံးသူရေးရာဦးစီးဌာန ၊ ပြည်သူ့ ကျန်းမာရေးဦးစီးဌာန ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ တို့နှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည် ။ ဆွေးနွေးပွဲတွင် မန္တလေးတိုင်းဒေသကြီး ၊ အစားသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) ညွှန်ကြားရေးမှူး ဒေါက်တာ ဒေါ်နီနီအေးက အစားအသောက်နှင့်ပတ်သက်၍ GMP စနစ် ၊ မြန်မာ နိုင်ငံအစားအသောက်နှင့်ဆေးဝါးအာဏာပိုင်အဖွဲ့မှ ၂၀၂၄ခုနှစ်၊မတ်လ(၂၅)ရက်နေ့က အမိန့်အမှတ် ၂/၂၀၂၄ ထုတ်ပြန်ချက်တွင် အမျိုးသားအစားအသောက်ဥပဒေ ပုဒ်မ ၃၈ ပုဒ်မခွဲ(ခ)အရ ဟင်းသီး ဟင်းရွက်ဆီများကိုရောနှောဆီ(Biended Oil)အပြင် အစားအသောက် ထုတ်လုပ်ခြင်း၊ သိုလှောင် ခြင်း၊ ဖြန့်ဖြူးခြင်း သို့မဟုတ် ရောင်းချခြင်းနှင့်စပ်လျဉ်း၍ လိုက်နာရန် အမိန့်ထုတ်ပြန်ချက် ကိုအသေးစိတ် ရှင်းလင်းပြောကြားခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာန ဦးသက်လွင်ထူး(ဦးစီးအရာရှိ)က မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင်မှ ၂၀၁၉ခုနှစ်၊ဒီဇင်ဘာလ(၃)ရက် ၊ ရက်စွဲပါ ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)ဖြင့် “ကုန်စည်များတွင် မြန်မာ ဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာ နှင့်အခြားဘာသာတစ်ခု တွဲလျှက်ဖြစ်စေ ဖော်ပြရာ၌ စားသုံးဆီ လုပ်ငန်းရှင်များ အနေဖြင့် စားသုံးဆီအမျိုးမျိုးနှင့်စပ်လျဉ်း၍ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက် နှင့်အသားတင် ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်းတို့ကို မဖြစ်မနေဖော်ပြရန်လိုအပ်ကြောင်း ၊ နိုင်ငံတော်မှ စားအုန်းဆီ သတ်မှတ်ရည်ညွှန်းစျေးကို အပတ်စဉ် ထုတ်ပြန်ပေးလျှက်ရှိကြောင်း၊ စားသုံးဆီ ရောင်းချသည့် လုပ်ငန်းရှင်များအနေဖြင့် စျေးကွက်အတွင်း ဖြန့်ဖြူးရောင်းချနေသော စားအုန်းဆီ များကို သတ်မှတ်ရည်ညွှန်းစျေး+သယ်ယူစရိတ်+၂%အမြတ် ဖြင့်ရောင်းချပေးဖို့လိုကြောင်း၊ စားအုန်းဆီများကို စျေးကစားခြင်း၊စျေးနှုန်းကြီးမြင့်စေရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ရောင်း ချခြင်းမျိုး စစ်ဆေးတွေ့ရှိရပါက အရေးကြီးကုန်စည်ဖြင့် အရေးယူခံရမည် ဖြစ်ကြောင်း ရှင်းလင်း ဆွေးနွေးပြောကြားခဲ့ပါသည်။အဆိုပါတွေ့ဆုံဆွေးနွေးပွဲသို့ ပြင်ဦးလွင်မြို့နယ်တွင် စားသုံးဆီ ရောင်းချနေသောလုပ်ငန်းရှင်(၄၈)ဦးတက်ရောက်ခဲ့ပြီး ဆွေးနွေးပွဲကို နေ့လယ်(၁၃:၀၀)နာရီ အချိန်တွင် ရုတ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။

  DOCA(မန္တလေး)