ကန့်ဘလူခရိုင်တွင် ဘိလပ်မြေရောင်းချသည့်ဆိုင်များအား ကွင်းဆင်းစစ်ဆေး

Powered by Drupal

         စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်ဦးစီးမှူးရုံးသည် စားသုံး သူကာကွယ်ရေးလုပ်ငန်းများအပြင် ပြည်တွင်းကုန်သွယ်ရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အားပေးမြှင့်တင်ဆောင်ရွက်လျက်ရှိသလို စားသုံးသူများအလွယ်တကူ ဝယ်ယူသုံးစွဲနိုင်စေ ရန်နှင့် ဈေးနှုန်း၊ဈေးကွက်တည်ငြိမ်မှန်ကန်စေရန် ရည်ရွယ်၍ ဆောက်လုပ်ရေးသုံးပစ္စည်းရောင်းချ သည့်ဆိုင်များအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

          ၂၀၂၄ခုနှစ်၊ ဧပြီလ ၂၉ ရက်နေ့တွင် ကန့်ဘလူမြို့နယ်တာဝန်ခံ ဦးမျိုးဝင်းသန်းသည် ဘိလပ်မြေရောင်းချသည့်ဆိုင်များသို့ ကွင်းဆင်း၍ လုပ်ငန်းရှင်များအနေဖြင့် ဘိလပ်မြေဝယ်ယူရရှိမှု၊ ဖြန့်ဖြူးရောင်းချမှုနှင့် ဈေးနှုန်းဈေးကွက် အခြေအနေတို့အား ဆွေးနွေးမေးမြန်းခဲ့ရာ ဈေးကွက် အနေဖြင့် ကန့်ဘလူမြို့ပေါ်နှင့် ကျွန်းလှမြို့ တို့တွင် ဖြန့်ဖြူးရောင်းချပေးလျက်ရှိကြောင်း၊ ဈေးနှုန်း အနေဖြင့် “CROWN”အမှတ်တံဆိပ် ဘိလပ်မြေ‌တစ်အိတ်လျင် ၁၇၀၀၀ ကျပ်နှင့် “ကြံ့နှစ်ကောင်” အမှတ်တံဆိပ် ဘိလပ်မြေဈေးနှုန်းမှာ တစ်အိတ်လျင် ကျပ် ၁၆၅၀၀ မှ ကျပ် ၁၇၀၀၀ တို့ဖြင့် ဈေးနှုန်းအတက်အကျပေါ်မူတည်၍ ရောင်းချပေးလျက်ရှိကြောင်း လုပ်ငန်းရှင်ထံမှ သိရှိရပါသည်။

  DOCA(စစ်ကိုင်း)