တောင်ငူမြို့တွင် ဈေးကွက်စောင့်ကြည့်စစ်ဆေး

Powered by Drupal

              စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူးများသည် ဈေးကွက်အတွင်းရောင်းချနေသော  ကုန်ပစ္စည်းများနှင့်ဆေးဝါးများ ဝယ်ယူသုံးစွဲကြသည့် စားသုံးသူများ ထိခိုက်နစ်နာမှုများမဖြစ်ပေါ်စေရေးအတွက် ဈေးကွက်အတွင်း ကွင်းဆင်းစစ်ဆေးခြင်းကို ဆောင်ရွက်လျက်ရှိရာ မိတ်ဖက်ဌာနများက ဈေးကွက်အတွင်းကွင်းဆင်းစစ်ဆေးရာတွင် ပူးပေါင်း ပါဝင်ဆောင်ရွက်ပေးနိုင်ပါရန် ညှိနှိုင်းလာပါကလည်း ပူးပေါင်းပါဝင်ဆောင်ရွက်လျက်ရှိပါသည်။

              တောင်ငူခရိုင် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ ညှိနှိုင်းချက်အရ စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူးရုံးမှ ဒုတိယခရိုင်ဦးစီးမှူးနှင့် စစ်ဆေးရေးမှူးများ သည် ဧပြီလ ၂၉ ရက်နေ့ နံနက်ပိုင်းက တောင်ငူမြို့ မြို့မဈေးကြီးအတွင်း ရောင်းချနေသော စားသောက်ကုန်များနှင့် အလှကုန်ပစ္စည်းများတွင် သုံးစွဲရန်မသင့်သည့် ဓါတုဆေးဝါးများ ပါဝင်မှုရှိ/မရှိ နှင့် သက်တမ်းကုန်ဆုံးခြင်းရှိ/မရှိတို့ကို လည်းကောင်း၊ တောင်ငူမြို့ပေါ်ရှိ ဆေးဆိုင်ကြီးများနှင့် ပုဂ္ဂလိကဆေးရုံများမှ ဆေးအရောင်းဆိုင်များ၌ တရားမဝင်တင်သွင်းသောဆေးဝါးများနှင့် ရက်လွန် ဆေးဝါးများ ရောင်းချခြင်းရှိ/မရှိကို လည်းကောင်း ကွင်းဆင်းစစ်ဆေးရာတွင် ပူးပေါင်းပါဝင်ဆောင် ရွက်ခဲ့ပါသည်။

              ထိုသို့ ကွင်းဆင်းစစ်ဆေးစဉ် စားသုံးသူရေးရာဦးစီးဌာန စစ်ဆေးရေးမှူးများသည် ကုန်စည်နှင့် ဆေးဝါးများရောင်းချရာတွင် စားသုံးသူကာကွယ်ရေးဥပဒေပါ လုပ်ငန်းရှင်များ လိုက်နာဆောင်ရွက်ရမည့် ပြဌာန်းချက်များနှင့်အညီ လိုက်နာဆောင်ရွက်ရေးကို အသိပေးပြောကြားခဲ့ ကြောင်းနှင့် ကွင်းဆင်းစစ်ဆေးရာသို့ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူများလည်း ပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့ကြောင်း သိရပါသည်။

DOCA(ပဲခူး)