ဈေးကွက်အတွင်း စားအုန်းဆီများအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

Powered by Drupal

            ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန် ခံရုံးမှ တာဝန်ရှိသူဝန်ထမ်းများသည် သက်ဆိုင်ရာမိတ်ဖက်ဌာနများနှင့်အတူ ၂၀၂၄ခုနှစ်၊ ဧပြီ (၂၂) ရက်နေ့၊ နံနက် (၀၉:၀၀) နာရီအချိန်တွင် ဓနုဖြူမြို့ပေါ်နှင့် ရပ်ကွက်လက်လီအရောင်းဆိုင်(၇)ဆိုင်မှ ရောင်းချနေသော ထောက်ခံချက်နှင့် ကုန်အညွှန်းပါဝင်မှု ရှိ/မရှိ ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ပါသည်။

         ထိုသို့ကွင်းဆင်းစစ်ဆေးမှုအရ စားသုံးသူရေးရာဦးစီးဌာနနှင့် သက်ဆိုင်ရာပူးပေါင်းစစ်ဆေးရေး အဖွဲ့တို့သည် ဓနုဖြူမြို့ပေါ်ရှိ စားအုန်းဆီအရောင်းဆိုင်တွင်ရောင်းချနေသော ကုန်အမှတ်တံဆိပ်ပါ  ဆီဗူးများတွင် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ ခွင့်ပြုချက်၊ ထောက်ခံချက်များပါဝင်ခြင်း ရှိ/မရှိ၊ တရားမဝင်တင်သွင်းထားသော ဆီများ ဈေးကွက်အတွင်း ရောင်းချခြင်း ရှိ/မရှိကို စစ်ဆေးခဲ့ကြပါသည်။ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြပါဝင်ခြင်း ရှိ/မရှိကို စစ်ဆေးခဲ့ခြင်း၊ စီးပွားရေးလုပ်ငန်းရှင်များကလည်း တားမြစ်ချက်များကို လေးစာလိုက်နာကြ ရန် အသိပညာပေးပြီး၊ သက်ဆိုင်ရာထောက်ခံချက်၊ ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာ ဖော်ပြပါဝင်သော ကုန်စည်ကိုသာ ရောင်းချနေကြောင်း တွေ့ရှိရပါသည်။

DOCA(ဧရာဝတီ)