“ သုံးခွမြို့နယ်၌ စားအုန်းဆီအရောင်းဆိုင်များတွင် စားအုန်းဆီလက်လီ/ လက်ကားရောင်းနေမှုအခြေအနေအား ကွင်းဆင်းစစ်ဆေးခြင်း ”

Powered by Drupal

      ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ်အတွင်းရှိ စည်ပင်သာယာမြို့မဈေး အတွင်း/အပြင်နှင့် ရပ်ကွက်များတွင် စားအုန်းဆီလက်လီ/ လက်ကားဖြန့်ဖြူးရောင်းချလျက်ရှိသော စားအုန်းဆီကိုယ်စားလှယ်ဆိုင်ကြီးများနှင့် ဈေးအတွင်း/အပြင်တွင် စားအုန်းဆီဖြန့်ဖြူးရောင်းချပေးလျက်ရှိသော ကုန်ခြောက်ဆိုင်များသို့ တိုင်းဒေသကြီးဦးစီးမှူးရုံး၊ စားသုံးသူရေးရာဦးစီးဌာန၏ ညွှန်ကြားချက်နှင့်အညီ စားသုံးသူပြည်သူများ သတ်မှတ်ဈေးနှုန်းဖြင့် အလွယ်တကူဝယ်ယူရရှိနိုင်ရန်ရည်ရွယ်၍ ၂၀၂၄ခုနှစ်၊ မေလ(၂)ရက်နေ့၊ နံနက်(၉:၃၀)နာရီအချိန်တွင် မိတ်ဖက်ဌာနများမှ တာဝန်ရှိသူများနှင့်အတူသွားရောက်ကာ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။

     ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူနှင့် ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်မြို့နယ်တာဝန်ခံတို့က စည်ပင်သာယာမြို့မဈေးအတွင်း/အပြင်ရှိ ကုန်ခြောက်အရောင်းဆိုင်များနှင့် ရပ်ကွက်များတွင် စားအုန်းဆီလက်လီ/ လက်ကား ရောင်းချဖြန့်ဖြူးရောင်းချပေးလျက်ရှိသော ဆီအရောင်းဆိုင်ကိုယ်စားလှယ်ကြီးများ၌ သုံးခွမြို့နယ်အတွင်းရှိ စားသုံးသူပြည်သူများ ဈေးနှုန်းမှန်ကန်စွာ စားအုန်းဆီများကို အခက်အခဲမရှိဝယ်ယူစားသုံးနိုင်ရေး၊ ဆီဈေးနှုန်းတည်ငြိမ်စေရေး၊ သတ်မှတ်ရည်ညွှန်းဈေးအတိုင်း လက်ကားဈေး မိမိတို့ဒေသအရောက် သယ်ယူစရိတ်ပါ (၂)ရာခိုင်နှုန်းထက်မပိုသော သတ်မှတ်ဈေးနှုန်းဖြင့် ဈေးကွက်အတွင်း အမှတ်တကယ်ဖြန့်ဖြူးရောင်းချနေခြင်းရှိ/မရှိနှင့် ဝိသမလောဘဖြင့် ဈေးနှုန်းမြှင့်တင်ရောင်းချနေခြင်း၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် တရားမဝင်သိုလှောင်ထားခြင်းများ၊ မသမာသည့်လုပ်ဆောင်မှုများမပြုလုပ်ကြရန်နှင့် ၎င်းကဲ့သို့ ပြုလုပ်မှုများကိုစစ်ဆေးတွေ့ရှိပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအရ ထိရောက်စွာအရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့မှုကိုသိရှိရပါသည်။

DOCA(ရန်ကုန်)