ချောက်မြို့၊ အနော်ရထာတံတားဂိတ်၌ တရားမဝင်ကုန်သွယ်မှုမရှိစေရေး စစ်ဆေးဆောင်ရွက်

Powered by Drupal

      မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့ရှိ ဧရာဝတီမြစ်ကူး အနော်ရထာတံတားဂိတ်၌ (၂၉.၄.၂၀၂၄)ရက်နေ့၊ နံနက် (၀၈:၀၀)နာရီအချိန်တွင် မော်တော်ကားများပေါ်တွင် တရားမဝင်ကုန်သွယ်မှုမရှိစေရေး မော်တော်ယာဉ်အဝင်၊ အထွက်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

      အဆိုပါ အနော်ရထာတံတားဂိတ်တွင် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအဖွဲ့ဝင်များဖြစ်သော မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်ပြည်တွင်းအခွန်များဦးစီးဌာန၊ မြို့နယ်သစ်တောဦးစီးဌာန၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန တာဝန်ရှိသူများပါဝင်သောအဖွဲ့သည် တရားမဝင်ကုန်သွယ်မှုမရှိစေရေး မြို့နယ်အတွင်းသို့ ကုန်ပစ္စည်းဝင်ရောက်ရာတွင် တရားမဝင်ကုန်စည်များ၏ အန္တရာယ်နှင့် တရားမဝင်ကုန်သွယ်မှုကြောင့် ဒေသတွင်း ထိခိုက်မှုမရှိစေရေးအတွက် ရည်ရွယ်၍ စစ်ဆေးဆောင်ရွက် ခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။

DOCA(မကွေး)