မြိတ်မြို့တွင် ဆန်နှင့် စာသုံးဆီဆိုင်များသို့ ကွင်းဆင်းစစ်ဆေး

Powered by Drupal

       ၂၀၂၄ခုနှစ်၊ မေလ(၃)ရက်နေ့၊ နံနက် (၉း၀၀)အချိန်တွင် မြိတ်ခရိုင်ကုန်စျေးနှုန်းတည်ငြိမ်ရေး အဖွဲ့ဝင်များဖြစ်သော ခရိုင်စားသုံးသူရေးရာဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ဖြင့်  မြိတ်မြို့၊ နောက်လယ်ရပ်ရှိ ဆန်နှင့် စားသုံးဆီ  အရောင်းဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခဲ့ ကြပါသည်။

       ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မြိတ်ခရိုင်အတွင်း စားသုံးသူပြည်သူများ စားဝတ်နေရေး သက်သာချောင်ချိရေး ပြည်သူများအတွက် ရောင်းချလျက်ရှိသည့် အခြေခံစားသောက်ကုန်များဖြစ်သော ဆန်နှင့် စားသုံးဆီစျေးနှုန်းများကို ဒေသတွင်းဖြစ်သင့် ဖြစ်ထိုက်သော စျေးနှုန်းများဖြင့် ရောင်းချနေခြင်းရှိ/မရှိအား စစ်ဆေးခဲ့ပြီး စားအုန်းဆီများကို အလေးချိန်မှန်ကန်စွာဖြင့် သတ်မှတ်ရည်ညွှန်းစျေးနှုန်းများအတိုင်း ရောင်းချစေရေးနှင့် ဒေသတွင်း ဖြစ်သင့်ဖြစ်ထိုက်သောစျေးနှုန်းများဖြင့် ရောင်းချမှုရှိစေရေး ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(တနင်္သာရီ)