ဘီးလင်းမြို့နယ် ပေါက်တောကျေးရွာ အောင်မင်္ဂလာကွက်သစ်မှ အချိုရည် ထုတ်လုပ်ရောင်းချဖြန့်ဖြူးသူ လုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေးခြင်း

Powered by Drupal

      မွန်ပြည်နယ်၊ သထုံခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၊ ဘီးလင်းမြို့နယ်တာဝန်ခံသည် မြို့နယ်ရုံး၌ ၂.၅.၂၀၂၄ ရက်နေ့တွင် ဘီးလင်းမြို့နယ် ပေါက်တောကျေးရွာ အောင်မင်္ဂလာကွက်သစ်မှ အချိုရည် ထုတ်လုပ်ရောင်းချဖြန့်ဖြူးသူ လုပ်ငန်းရှင်ဦးကျော်သူရနှင့် တွေ့ဆုံဆွေးနွေးခဲ့ရာ ၎င်းမှ “Phyo” အမှတ်တံဆိပ်ဖြင့် Jelly Milk Shake မျိုးစုံကို ထုတ်လုပ်လျက်ရှိပြီး ဈေးကွက်အတွင်းဖြန့်ဖြူးရောင်းချရာတွင် သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်ရရှိရန်အတွက် လုပ်ထုံးလုပ်နည်းများ ဆောင်ရွက်လိုကြောင်း တင်ပြလာမှုအပေါ်တွင် ဘီးလင်းမြို့နယ်တာဝန်ခံမှ သက်ဆိုင်ရာဌာနနှင့် လုပ်ငန်းရှင်အား ဆက်သွယ်မှုရစေရန် ကူညီဆောင်ရွက်ပြီး ဈေးကွက်အတွင်း ရောင်းချမည့် အချိုရည်များတွင် စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ ပြဌာန်းချက်နှင့်အညီ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြရန်နှင့် လုပ်ငန်းရှင်များလိုက်နာရမည့်တာဝန်များကို အသိပေးဆွေးနွေး ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မွန်)