စစ်ကိုင်းခရိုင် ကျောက်စိမ်းအချောထည်လုပ်ငန်းရှင်များအသင်းအား ပြည်တွင်းကုန်သွယ်မှု လုပ်ငန်းများနှင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများအကြောင်း ဆွေးနွေး

Powered by Drupal

       ၅.၁၂.၂၀၂၀ ရက်နေ့တွင် စစ်ကိုင်းခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် ကျောက်စိမ်းအချောထည်လုပ်ငန်းရှင်များအသင်းခန်းမ၌ ကျင်းပပြုလုပ်သော ပြည်တွင်းကုန်သွယ်မှုလုပ်ငန်းများ၊ စားသုံးသူကာကွယ်ရေးလုပ်ငန်းများအကြောင်းနှင့် စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့်အကြောင်းများနှင့်ပတ်သက်သည့် ဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခဲ့ရာ စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူးရုံးရှိ ဝန်ထမ်းများ၊ ကျောက်စိမ်း အချောထည် လုပ်ငန်းရှင်များအသင်းမှ လုပ်ငန်းရှင်များ၊ စုစုပေါင်း (၇) ဦး တက်ရောက်ဆွေးနွေး ခဲ့ပါသည်။

     အခမ်းအနားတွင် စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက မိမိတို့ဌာနအနေဖြင့် စားသုံးသူအကာအကွယ်ပေးရေးလုပ်ငန်းများအပြင် ပြည်တွင်းကုန်သွယ်မှုမြှင့်တင်ရေးလုပ်ငန်းများ၊ ပြည်ပပို့ကုန်မြှင့်တင်ရေးလုပ်ငန်းများလည်း ဆောင်ရွက်ရကြောင်း၊ စားသုံးသူအကာအကွယ်ပေးရေး အတွက် စီးပွားရေးလုပ်ငန်းရှင်များကို စားသုံးသူကာကွယ်ရေးဥပဒေနှင့်အညီ ထိန်းချုပ် ဆောင်ရွက်ရကြောင်းပြောကြားခဲ့ပါသည်။ ဆက်လက်၍ ကျောက်စိမ်းအချော ထည်လုပ်ငန်းရှင်များကို စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၀)ပါ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့်အချက်များ၊ အခန်း (၁၁) ပါ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးသည့်အချက်များ၊ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း (၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ လိုက်နာရမည့်အချက်များအား ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

စစ်ကိုင်းတိုင်းဒေသကြီး
စားသုံးသူရေးရာဦးစီးဌာန